လီဗာပူးလ်အတွက် ကြီးမားတဲ့အောင်မြင်မှုပါ။

ချယ််လ်ဆီးက မန်စီးတီးကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးလ်အသင်းဟာ နှစ်ပေါင်း ၃၀ ကြာ စောင့်ဆိုင်းနေခဲ့ရတဲ့ အမှတ်ပေးဖလားကို ရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။


လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပြီးနောက်မှာ ယူနိုက်တက်ကစားသမားဟောင်းတွေဖြစ်တဲ့ ဂယ်ရီနဗီးလ် နဲ့ ရီယိုဖာဒီနန်တို့က သူတို့အနေနဲ့ တွစ်တာကနေ ရက်သတ္တပတ်အနည်းငယ်လောက် ပျောက်ကွယ်နေမယ်လို့ ပြောဆိုခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ အောင်ပွဲအပေါ်မှာ နောက်ပြောင်သွားခဲ့ကြပါတယ်။

ချယ််လ်ဆီးက မန်စီးတီးကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးလ်အသင်းဟာ နှစ်ပေါင်း ၃၀ ကြာ စောင့်ဆိုင်းနေခဲ့ရတဲ့ အမှတ်ပေးဖလားကို ရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ ဒီနောက်မှာ ယူနိုက်တက်နောက်ခံလူဟောင်းကြီး ရီယိုဖာဒီနန်က သူ့ရဲ့တွစ်တာမှာ "ပြန်လာခဲ့မယ်နော်၊ ၂ပတ်လောက်အတွင်းမှာ ပြန်တွေ့ကြတာပေါ့" လို့ ရေးသားသွားခဲ့ပါတယ်။ 

ဒါပေမယ့်လည်း အဆိုပါနောက်ပြောင်ရေးသားမှုမတိုင်ခင်မှာတော့ ဖာဒီနန်က လီဗာပူးလ်အသင်းကို ဂုဏ်ပြုစကားတွေပြောဆိုခဲ့ပါတယ်။ "၃၁ ပွဲမှာ ၂၈ ပွဲအထိ အနိုင်ရခဲ့တယ်၊ ဘာမှပြောစရာမရှိပါဘူး၊ မင်းတို့အတွက် ဂုဏ်ယူပါတယ်၊ မဆုတ်မနစ်ကြိုးစားမှုနဲ့အတူ ထိုက်ထိုက်တန်တန်ရရှိခဲ့တာပါ၊ အထူးသဖြင့် ပြီးခဲ့ရာသီက ဆုဖလားလက်လွှတ်ခဲ့ရပြီး အခုလိုရယူနိုင်ခဲ့တာပါ၊ စိတ်ပိုင်းဆိုင်ရာအရ ခက်ခဲပါတယ်" လို့ ဖာဒီနန်က ရေးသားခဲ့ပါတယ်။ 

ဂယ်ရီနဗီးလ်ကတော့ လီဗာပူးလ်အောင်မြင်မှုရသွားချိန်မှာတော့ လက်ပြနှုတ်ဆက်နေဟန် Emoji ကိုသာ ရေးသားသွားခဲ့ပါတယ်။ သူလည်းပဲ တွစ်တာမှာ မရှိတော့ဘူးလို့ နောက်ပြောင်ခဲ့တာဖြစ်ပြီး ပြိုင်ဘက်အသင်းဟောင်းရဲ့ အောင်မြင်မှုအတွက်နဗီးလ်ဘက်က အနည်းငယ်တော့ ကသိကအောက်ဖြစ်နေဟန်ရှိပါတယ်။ 

Sky Sports ကတော့ ဂယ်ရီနဗီးလ်ရဲ့ ပရိသတ်တွေကို စနောက်ခဲ့ပြီး "တစ်ယောက်ယောက်များ ဂယ်ရီနဗီးလ်ကို မြင်ကြသေးလား" လို့ရေးသားပြီး ကျီစယ်သွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က