တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းနှစ်သောင်းအထိ လီဗာပူးလ်က ပေးချေသွားမှာဖြစ်ပြီး လက်ရှိရရှိနေတဲ့ လုပ်အားခထက် ပေါင်လေးသောင်းပိုမိုရရှိတော့မှာလည်းဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ အသင်းရဲ့အဓိကနောက်ခံလူဗန်ဒိုက်ကို ငါးနှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီး ဗန်ဒိုက်ဟာလည်း အသင်းသမိုင်းမှာ လစာအများဆုံးရကစားသမားအဖြစ် မှတ်တမ်းဝင်တော့မှာဖြစ်ပါတယ်။ တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းနှစ်သောင်းအထိ လီဗာပူးလ်က ပေးချေသွားမှာဖြစ်ပြီး လက်ရှိရရှိနေတဲ့ လုပ်အားခထက် ပေါင်လေးသောင်းပိုမိုရရှိတော့မှာလည်းဖြစ်ပါတယ်။
စာချုပ်တန်ဖိုးစုစုပေါင်းဟာ ပေါင် ၅ရသန်းတန်ကြေးရှိတယ်လို့ The Sun က ဖော်ပြခဲ့ပြီး လက်ရှိမှာအသင်းရဲ့လုပ်ခအများဆုံးရ ကစားသမားဖြစ်တဲ့ ဆာလက်ရဲ့ ပေါင်နှစ်သိန်းရရှိနေမှုထက် နှစ်သောင်းပိုမိုရရှိမှာလည်းဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဟော်လန်နောက်ခံလူကလည်း အသင်းဘက်က ကမ်းလှမ်းခဲ့မှုအပေါ်မှာ ကျေနပ်ပျော်ရွှင်နေတယ်လို့ သိရပါတယ်။
ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်လာပြီး မကြာခင်မှာပဲ လီဗာပူးလ်က သူတို့ရဲ့ အဓိကကစားသမားကို အလျင်အမြန်စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။ ဆောက်သမ်တန်နောက်ခံလူဟောင်းအနေနဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့မယ်ဆိုပါက ပေါင်နှစ်သိန်းရှစ်သောင်းအထိ ရရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။
လီဗာပူးလ်အသင်းရဲ့ ဒီဘက်နှစ်အောင်မြင်မှုတွေမှာ ဗန်ဒိုက် အရေးပါတဲ့ နေရာကနေ ပါဝင်ခဲ့ပြီး အသင်းနောက်တန်းကို ဦးဆောင်ပေးနေရုံမက အသင်းခေါင်းဆောင်အဖြစ်နဲ့ပါ ပွဲအများအပြားကို တာဝန်ယူပေးခဲ့ရပါတယ်။ စာချုပ်သစ်ကြောင့် ဗန်ဒိုက်ကို ၂၀၂၄-၂၅ ဘောလုံးရာသီအထိ အန်ဖီးလ်မှာပဲ ဆက်လက်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။