ယူနိုက်တက်ပရိသတ်တွေဟာ အသင်းရဲ့ လက်ရှိအနေအထားကြောင့် လီဗာပူးလိုမျိုး အမှတ်ပေးချန်ပီယံဆုနဲ့ နှစ်ပေါင်း (၃၀) ကြာ ဝေးကွာနေမှာကို စိုးရိမ်နေကြပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ် ကိုဗစ်ကာလအတွင်းမှာမှ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည် ဆွတ်ခူးနိုင်ခဲ့တာပါ။
ဖာဂူဆန် အနားယူပြီးသွားကတည်းက ယူနိုက်တက်တို့ အမှတ်ပေးချန်ပီယံဆုနဲ့ ဝေးကွာသွားခဲ့ပြီး အခုဆိုရင် (၁၀) နှစ်တာကာလအတွင်းကို ရောက်ရှိလာခဲ့ပါပြီ။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်ပရိသတ်တွေက “ငါတို့ လီဗာပူးကို ဆက်တိုက် လှောင်ပြောင်ခဲ့ပေမယ့် အခု သူတို့ လမ်းစဉ်ကို လိုက်လာတာက (၃၃) ရာခိုင်နှုန်းရှိနေပါပြီ”
“မန်စီးတီးရဲ့လွှမ်းမိုးမှု၊ နယူးကာဆယ်နဲ့ အာဆင်နယ်တို့ရဲ့ တိုးတက်လာမှုတွေကြောင့်ရောပေါ့” “ငါတို့က လီဗာပူးလက်သစ်ဖြစ်လာတာ မဟုတ်ဘူး။ စပါးလက်သစ်ဖြစ်လာတာ” “ဂလေဇာတို့ အသင်းကနေ မထွက်မချင်း ငါတို့ ဘာအမှတ်ပေးချန်ပီယံဆုမှရတော့မှာ မဟုတ်ဘူး” “သူများကို လှောင်ပြောင်ခဲ့တဲ့အတိုင်း အခု ပြန်ဖြစ်နေပါပြီ။ ကာတာတွေသာ မရောက်လာရင် ဒါမျိုးဖြစ်တာကို အံ့အားသင့်နေစရာ မလိုတော့ပါဘူး” လို့ အမျိုးမျိုးမှတ်ချက်ပြုနေကြပါတယ်။
ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် (၃) ပွဲ ကစားပြီးချိန်မှာ (၂) ပွဲနိုင်၊ (၁) ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့ခြေစွမ်းပိုင်းက အားရစရာမရှိသေးဘဲ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ မျှော်မှန်းချက်က ဝေဝါးနေဆဲဖြစ်ပါတယ်။