လီဗာပူးလ်ကတော့ နှစ်ပေါင်း ၃၀ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဖလားကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ သူတို့အတွက်တော့ ဒါဟာ ကြီးမားတဲ့အောင်မြင်မှုဖြစ်ပြီးတော့ လက်ကျန် ၇ ပွဲအလိုမှာပဲ ဗိုလ်စွဲခဲ့လို့ အင်္ဂလန်ရဲ့ အဆင့်မြင့်ဆုံးလိဂ်မှာ အစောဆုံးဗိုလ်စွဲခဲ့တဲ့ စံချိန်ကိုပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်အသင်း ရယူဖို့ကျန်ရှိနေသေးတဲ့ စံချိန်တွေရှိနေပါသေးတယ်။ အဲဒီစံချိန်တွေကတော့...။
နိုင်ပွဲအများဆုံးရစံချိန်
ဒီစံချိန်ကို လက်ရှိမှာ ပိုင်ဆိုင်ထားတဲ့အသင်းကတော့ မန်စီးတီးအသင်းဖြစ်ပြိး ၂၀၁၇-၁၈ နဲ့ ၂၀၁၈-၁၉ ဘောလုံးရာသီတို့မှာ နိုင်ပွဲ ၃၂ပွဲအထိရရှိခဲ့တာဖြစ်ပါတယ်။ ဂွာဒီယိုလာလက်ထက်မှာ မန်စီးတီးက အဆိုပါစံချိန်တွေကိုရရှိခဲ့တာဖြစ်ပြီးတော့ လီဗာပူးလ်
အနေနဲ့ လက်ရှိမှာ ၂၈ ပွဲအထိ အနိုင်ရထားလို့ လက်ကျန် ၇ ပွဲမှာ ၄ ပွဲအနိုင်ရပါက အဆိုပါစံချိန်ကို လိုက်မီမှာဖြစ်ပြီး ၅ ပွဲအနိုင်ရပါက နိုင်ပွဲအများဆုံးရစံချိန်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ လီဗာပူးလ်ဟာ လက်ကျန်ပွဲတွေအဖြစ် မန်စီးတီး၊ ဗီလာ၊ ဘရိုက်တန်၊
ဘန်လေ၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ နယူးကာဆယ်တို့နဲ့ ကစားရမှာပါ။
ရမှတ်အများဆုံးစံချိန်
ဒီစံချိန်ကိုလည်း မန်စီးတီးက ရရှိခဲ့တာဖြစ်ပြီးတော့ ၂၀၁၇-၁၈ ဘောလုံးရာသီမှာ ရမှတ် ၁၀၀ အထိ ပိုင်ဆိုင်ခဲ့တာပါ။ အဆိုပါရာသီရဲ့ နောက်ဆုံးပွဲမှာ ဆောက်သမ်တန်ကို ဂျီးဆပ်ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ရမှတ် ၁၀၀ ရရှိခဲ့တာပါ။ လက်ရှိမှာ လီဗာပူးလ်က
၈၆ မှတ်ပိုင်ဆိုင်ထားပြီးတော့ လက်ကျန် ၇ ပွဲထဲက ၅ ပွဲအနိုင်ရခဲ့မယ်ဆိုရင် ၁၀၁ မှတ်နဲ့ မန်စီးတီးစံချိန်ကို ရယူနိုင်မှာပါ။ ဒီမှတ်တမ်းကိုလည်း သူတို့တွေလိုက်မီနိုင်ပါသေးတယ်။
အိမ်ကွင်းနိုင်ပွဲအများဆုံး
ဒီမှတ်တမ်းကိုတော့ ၂၀၀၅-၀၆ မှာ ချယ်လ်ဆီး၊ ၂၀၁၀-၁၁ မှာ ယူနိုက်တက်နဲ့ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးတို့ကတော့ နိုင်ပွဲ ၁၈ ပွဲစီနဲ့ စံချိန်တင်ထားခဲ့ပါတယ်။ လီဗာပူးလ်အနေနဲ့ အိမ်ကွင်းပွဲတွေအဖြစ် ဗီလာ၊ ဘန်လေ၊ ချယ်လ်ဆီးတို့နဲ့ ကစားရဖို့ရှိနေသေးပြီး လက်ရှိမှာ
၁၆ ပွဲအနိုင်ရထားတာမို့ အိမ်ကွင်းနိုင်ပွဲအများဆုံးရစံချိန်ကိုလည်း ရယူနိုင်ပါသေးတယ်။ အခွင့်အရေးကောင်းတွေကို ပိုင်ဆိုင်ထားတာဖြစ်ပြီး သူတို့ထက်ခြေစွမ်းနိမ့်တဲ့ အသင်းတွေဖြစ်ပြီး ချယ်လ်ဆီးတစ်သင်းတည်းကိုသာ သတိထားရမှာမို့ ကလော့ပ်အတွက် စံချိန်သစ်
မတင်နိုင်ရင်တောင် လိုက်မီနိုင်ပါသေးတယ်။
Share