နှစ်ယောက်စလုံးက နိုင်ငံအသင်းတွေမှာ ခြေစွမ်းပြနေတာပါ။

မနေ့က ကစားခဲ့တဲ့ နယ်သာလန်နဲ့ ရိုမေးနီးယားတို့ရဲ့ ယူရို ရှုံးထွက် (၁၆) သင်းအဆင့်ပွဲမှာ နယ်သာလန်က သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ နယ်သာလန်အတွက် ဂတ်ပိုက အထူးခြေစွမ်းပြခဲ့ပြီး တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့တာပါ။



ပထမဂိုးအတွက် ဂတ်ပိုက တောင်ပံကနေ ဧရိယာအတွင်း ဆွဲဝင်ကာ ထောင့်ကျဉ်းထဲ ကန်သွင်းခဲ့ပြီး ရိုမေးနီးယား​ဂိုးသမား မကာကွယ်နိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာလည်း အသင်းဖော် မာလန်ရဲ့ သွင်းဂိုးအတွက် ဂတ်ပိုက အကောင်းဆုံး ရုန်းကန်ပြီး ဂိုးစည်းကျော်ခါနီး ဘောလုံးကို ဖန်တီးပေးသွားခဲ့တာပါ။

ဂတ်ပိုဟာ လက်ရှိ ယူရိုပြိုင်ပွဲမှာ နယ်သာလန်အတွက် (၃) ဂိုးအထိ သွင်းယူထားသလို ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း (၃) ဂိုးအထိ သွင်းယူထားခဲ့ပါတယ်။ သူနည်းတူပဲ ဒါဝင်နူးညက်ဇ်က ဥရုဂွေးအတွက် အကောင်းဆုံး ခြေစွမ်းပြနေပြီး လက်ရှိ ကိုပါအမေရိကမှာ (၂) ဂိုးအထိ သွင်းယူပေးထားပါတယ်။

ဒီကစားသမားနှစ်ယောက်က လီဗာပူးမှာဆိုရင် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ရလေ့ရှိပြီး ပရိသတ်တွေရဲ့ ပြစ်တင်ဝေဖန်မှုနဲ့ မကြာခဏ ရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမယ့် လက်ရွေးစင်အသင်းတွေမှာတော့ နှစ်ယောက်စလုံး အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီး လီဗာပူးမှာ ရောက်နေတာ နူးညက်ဇ်နဲ့ ဂတ်ပို အစစ်မဟုတ်ဘဲ အတုတွေသာ ဖြစ်တယ်လို့ ပရိသတ်တွေက နောက်ပြောင်နေကြတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က