အိုဝင်ခန့်မှန်းရင် လီဗာပူးပရိသတ်တွေ ကြောက်နေလောက်ပါပြီ။

မနက်ဖြန်ည၊ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပပြုလုပ်မယ့် ရီးရဲလ်မက်ဒရစ်နဲ့လီဗာပူးတို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာဲလ်လုပဲလ်မက်ဒရစ်နဲ့လီဗာပူးတို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးက သုံးဂိုးသေချာပေါက်သွင်းမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ် တဂိုးပြန်ရ၊ မရပဲကြည့်ရမယ်လို့ မိုက်ကယ်အိုဝင်က ခန့်မှန်းလိုက်ပါတယ်။ (၂၀၁၈) ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့တုန်းက ရီးရဲလ်မက်ဒရစ်က လီဗာပူးကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။



အခုတခါမှာတော့ လီဗာပူးတို့ မကျေပွဲအဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ပြန်လည်ရင်ဆိုင်ခွင့်ရရှိခဲ့ပါပြီ။ နှစ်သင်းလုံးမှာ ကစားခဲ့ဖူးတဲ့ မိုက်ကယ်အိုဝင်ကတော့ ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံနေတဲ့ပွဲနဲ့ပတ်သက်လို့ အခုလိုပဲ ဟောကိန်းထုတ်လိုက်ပါတယ်။

မိုက်ကယ်အိုဝင်က “လီဗာပူးက ရီးရဲလ်မက်ဒရစ်ထက် ပိုကောင်းတယ်လို့ ကျနော်ထင်ပြီး ၃-၁ ဂိုး ဒါမှမဟုတ် ၃-၀ ဂိုးနဲ့ နိုင်သွားမယ်လို့ ကျနော် ခန့်မှန်းပါတယ်။ လီဗာပူးအနေနဲ့ ရီးရဲလ်မက်ဒရစ်ကို နိုင်လောက်တဲ့ အကြောင်းရင်းတွေလည်းရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ လီဗာပူးက ထူးခြားကောင်းမွန်လွန်းတဲ့ အသင်းဖြစ်နေလို့ပါ”

“နောက်ပြီး လီဗာပူးဆိုတဲ့အသင်းက ရီးရဲလ်မက်ဒရစ်အတွက်တော့ အရမ်းကိုကောင်းလွန်းနေတဲ့အသင်းပါပဲ။ ရီးရဲလ်မက်ဒရစ်တို့ ဗိုလ်လုပွဲကို တက်လာခဲ့တာကလည်း အံ့မခန်းပါပဲ။ သူတို့က အုပ်စုကနေ ကျွတ်လာပြီးတည်းက ချန်ပီယံလိဂ်ဖလားမှာ သူတို့နာမည်ကို ရေးထိုးဖို့ ယုံကြည်ထားကြပါတယ်”

“ချဲလ်ဆီး၊ မန်စီးတီးတို့ကို ကျော်ဖြတ်လာပုံက မယုံနိုင်စရာ၊ ကြည်နူးစရာပါပဲ။ ဒါပေမယ့် လီဗာပူးက အတွေ့အကြုံရှိလွန်းပြီး အရမ်းကောင်းလွန်းတဲ့အသင်းတသင်းပါ။ ပီအက်စ်ဂျီ၊ ချဲလ်ဆီး၊ မန်စီးတီးတို့လို အကြိတ်အနယ်အဖြစ်ခံမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ရီးရဲလ်မက်ဒရစ်က အသင်းကောင်းတသင်းဖြစ်ပြီး အချိန်ကပ်မှ ဘယ်လိုပြန်အနိုင်ယူရမလဲ သိထားလို့ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က