အဖြူရောင်ဝမ်းဆက်ကို ဝတ်ဆင်ကစားမှာပါ။

အာဆင်နယ်ဟာ တနင်္ဂနွေနေ့ညမှာ ကစားမယ့် လီဗာပူးနဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အတွက် အဖြူရောင်ဝမ်းဆက်ကို ဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ အရင်ကလည်း ဒီလိုမျိုး ဂျာစီအဖြူ၊ ခြေအိတ်အဖြူကို ဝတ်ဆင်ခဲ့ဖူးပါတယ်။



ပြီးခဲ့တဲ့ (၂၀၂၂) က နော်တင်ဟမ်ဖောရက်စ်၊ (၂၀၂၃) မှာ အောက်စ်ဖို့ဒ်ယူနိုက်တက်တို့နဲ့ ကစားခဲ့တဲ့ပွဲတွေမှာ အာဆင်နယ်တို့ အခုလိုမျိုး ထူးထူးခြားခြား ဂျာစီအဖြူ ဝမ်းဆက်ကို ဝတ်ဆင်ခဲ့တာပါ။ နော်တင်ဟမ်ဖောရက်စ်ကိုတော့ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

နောက်တစ်နှစ် အောက်စ်ဖို့ဒ် ယူနိုက်တက်နဲ့ပွဲမှာတော့ အာဆင်နယ်တို့ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနှစ်ပွဲစလုံးက အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွေဖြစ်ခဲ့ပြီး အခု ဒီနှစ် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာလည်း အခုလိုမျိုး အဖြူရောင်ဂျာစီကို အာဆင်နယ်တို့ ဝတ်ဆင်သွားမှာပါ။

ပုံမှန်အားဖြင့် ဒီလိုမျိုး အဖြူရောင်ဂျာစီက အာဆင်နယ်တို့ ဝတ်ဆင်လေ့ရှိတဲ့ ဂျာစီမျိုးမဟုတ်ပါဘူး။ ဒီလိုမျိုး ဝတ်ဆင်ရတဲ့အကြောင်းရင်းကလည်း “No More Red” ဆိုတဲ့ ဓားနဲ့ပတ်သက်တဲ့ မှုခင်းဖြစ်ရပ်များ လျှော့ချနိုင်ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့အနေနဲ့ ဝတ်ဆင်တာဖြစ်ပါတယ်။

Adidas က စီစဉ်ဖန်တီးထားတဲ့ ဒီဂျာစီအဖြူကိုတော့ ဒကလန်ရိုက်စ်၊ ဂါဘရီရယ်လ်တို့ ဝတ်ဆင်ထားတာကို အာဆင်နယ်ပရိသတ်တွေ မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒီဂျာစီအဖြူကို တစ်ရာသီလုံးမှာမှ ဒီတစ်ပွဲတည်း ဝတ်ဆင်ကစားသွားမယ်လို့လည်း သိရှိရပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က