လေဗာကူဆင်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။

လေဗာကူဆင်နည်းပြ ဇာဘီအလွန်ဆိုဟာ လာမယ့်နွေရာသီမှာ အသင်းပြောင်းရွှေ့မှာ မဟုတ်ဘဲ လေဗာကူဆင်မှာသာ နောက်တစ်ရာသီဆက်ရှိမယ့်အကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။ အဆိုပါ စပိန်လူမျိုးနည်းပြဟာ ဒီရာသီ လေဗာကူဆင်မှာ အသင်းကို အကောင်းဆုံး အနေအထားတစ်ရပ် ရရှိအောင် စွမ်းဆောင်ပေးထားတာပါ။



လေဗာကူဆင်အနေနဲ့ ပြိုင်ပွဲစုံမှာ ရှုံးပွဲတစ်ပွဲမှ မရှိသေးဘဲ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားကို ဦးဆောင်ထားသလို ယူရိုပါလိဂ်မှာလည်း သူ့အသင်းက ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေပါပြီ။ ဒီလိုမျိုး စွမ်းဆောင်ရည်တွေကြောင့် အလွန်ဆိုကို ထိပ်တန်းအသင်းကြီးတွေက စောင့်ကြည့်ခဲ့ပါတယ်။

ကစားသမားဘဝက အသင်းဟောင်းတွေဖြစ်တဲ့ လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်တို့က လာမယ့်ရာသီ သူတို့ရဲ့ နည်းပြသစ်နေရာအတွက် အလွန်ဆိုကို ပစ်မှတ်ထားခဲ့ကြတာပါ။ ဒါပေမယ့်လည်း အလွန်ဆိုကတော့ “ကျွန်တော့်ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ သတင်းတွေ အများကြီးထွက်ပေါ်ခဲ့ပါတယ်။ ကျွန်တော်တို့လည်း အလုပ်တွေ များနေခဲ့ပြီး နိုင်ငံတကာရက်သတ္တပတ်က အသင်းအတွက် ကောင်းမွန်တဲ့ သက်ရောက်မှုဖြစ်ဖို့ပဲ အာရုံစိုက်ခဲ့ပါတယ်”

“ဆုံးဖြတ်ချက်ချမယ့်သူတွေနဲ့ ကျွန်တော် အစည်းအဝေးကောင်းကောင်း လုပ်ဖြစ်ခဲ့ပြီးနောက် လေဗာကူဆင်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီနေရာက ကျွန်တော့်ကို နည်းပြတစ်ယောက်အနေနဲ့ တိုးတက်စေဖို့ မှန်ကန်တဲ့နေရာအဖြစ် ခံစားမိပါတယ်။ ကျွန်တော့်အတွက် သင့်တော်မှန်ကန်တဲ့ နေရာတစ်ခုလို့ ခံစားမိပြီး လေဗာကူဆင်နဲ့ ကျွန်တော် ဇာတ်လမ်း ပြီးဆုံးဦးမှာ မဟုတ်ပါဘူး”

“ဆုံးဖြတ်ချက်တိုင်းအတွက် သေချာစဉ်းစားအကဲဖြတ်ရတာ အသေအချာပါပဲ။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ဖို့ ကျွန်တော် ကြိုးစားခဲ့ပြီး ကျွန်တော့်ကို အမြဲတမ်း ထောက်ခံအားပေးတဲ့ အသင်းရဲ့ အုပ်ချုပ်သူအဖွဲ့နဲ့ ပရိသတ်တွေကို ကျွန်တော် ကျေးဇူးတင်ရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က