(၂၀၁၉) ခုနှစ်တုန်းက ပြောကြားခဲ့ဖူးတာပါ။

လီဗာပူးနည်းပြ ကလော့ပ်က ဥရောပစူပါလိဂ်နဲ့ ပတ်သက်လို့ ဆန့်ကျင်ကန့်ကွက်တဲ့အကြောင်းကို အရင်ကတည်းက ပြောကြားခဲ့ဖူးကြောင်း သိရှိရပါတယ်။ လက်ရှိအချိန်မှာ ဥရောစူပါလိဂ်ပြိုင်ပွဲကြီးကို အကောင်အထည်ဖော်ဖို့ သက်ဆိုင်ရာတွေက မီးစိမ်းပြလိုက်ပါပြီ။



ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်တို့ အဓိက ကမကထလုပ် ကြိုးစားခဲ့တဲ့ ဒီပြိုင်ပွဲကြီးဟာ မကြာခင်မှာပဲ အနှောင့်အယှက်ကင်းကင်းနဲ့ ကျင်းပနိုင်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ထိပ်တန်းအသင်းကြီးတွေ အမြဲတမ်း ထိပ်တိုက်တွေ့နေမယ့်အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
အခုပြိုင်ပွဲကြီးမှာတော့ ယူနိုက်တက်၊ လီဗာပူး၊ အက်သလက်တီကို၊ ဘိုင်ယန်မြူးနစ်တို့က ပါဝင်ကစားကြမှာမဟုတ်ကြောင်း တရားဝင်ကြေညာထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူးနည်းပြ ကလော့ပ်ကလည်း ဒီပြိုင်ပွဲကြီးကို ဆန့်ကျင်သူတစ်ဦးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကလော့ပ်က “ကျွန်တော့်အတွက်တော့ ချန်ပီယံလိဂ်က စူပါလိဂ်ပါပဲ။​ ချန်ပီယံလိဂ်မှာဆိုရင် တူညီတဲ့ အသင်းတွေနဲ့ပဲ အမြဲတမ်း ကစားနေရတာမျိုး မဟုတ်ပါဘူး။​ လီဗာပူးက ရီးရဲလ်မက်ဒရစ်နဲ့ (၁၀) နှစ်ဆက်တိုက် ရင်ဆိုင်ရမယ့် ဒီစနစ်ကို ကျွန်တော်တို့ ဘာလို့ ဖန်တီးကြမှာလဲ”
“ဘယ်သူကရော ဒါကို မြင်ချင်ကြမှာလဲ” လို့ ပြောကြားခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ ဥရောပစူပါလိဂ်နဲ့ ပတ်သက်လို့ ယူအီးအက်ဖ်အေနဲ့ ဖီဖာဘက်ကလည်း တားမြစ် ခြိမ်းခြောက်တာမျိုး ပြုလုပ်ခွင့် မရှိတော့ကြောင်း သိရှိရပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က