ဘာနာဒိုဆေးလ်ဗားတယောက် လှောင်ပြောင်ခံနေရတာပါ။

မန်စီးတီးကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားတယောက် မနေ့ညက လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး မီဒီယာနဲ့တွေ့ဆုံတဲ့ဗီဒီယို နေရာအပိုင်းအခြားကို ပရိသတ်တွေက ပြင်ဆင်လှောင်ပြောင်ခဲ့ကြပါတယ်။ ဒီပွဲမှာ လီဗာပူးက မန်စီးတီးကို ဆာလာရဲ့ တလုံးတည်းသောသွင်းဂိုးနဲ့ အိမ်ကွင်း အန်ဖီးလ်မှာ အနိုင်ရရှိခဲ့ပါတယ်။



ဒီရှုံးပွဲက မန်စီးတီးအတွက် ဒီရာသီ ပထမဆုံးသော ပြိုင်ပွဲစုံရှုံးပွဲဖြစ်ခဲ့ပြီး ပွဲချိန်အတွင်း ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့လည်း ဂွါဒီယိုလာ၊ ဘာနာဒိုဆေးလ်ဗားတို့က မကျေနပ်ခဲ့ပါဘူး။ ဂွါဒီယိုလာက ဒီပွဲမှာ မန်စီးတီးသွင်းယူခဲ့တဲ့ ဂိုးမရရှိခဲ့တဲ့အပေါ် အန်ဖီးလ်ဖြစ်နေတာကြောင့် မရခဲ့ဘူးလို့ ဝေဖန်ခဲ့သလို ဘာနာဒိုဆေးလ်ဗားကလည်း ကွင်းလယ်ဒိုင်ရဲ့ ဒီပွဲအပေါ် ဆုံးဖြတ်ချက်တွေကို ဝေဖန်ခဲ့ပါတယ်။



ဘာနာဒိုဆေးလ်ဗားက “ဒိုင်လူကြီးဆီက ကျနော်တို့မျှော်လင့်တာ တသမတ်တည်းရှိတဲ့ဆုံးဖြတ်ချက်တွေပါ။ သေးသေးမွှားမွှား ထိမိခိုက်မိတာတွေကို ခရာမမှုတ်ဘူးဆိုရင် တပွဲလုံးမမှုတ်ပါနဲ့။ ပွဲအစပိုင်းမှာ ဒီလိုမျိုးဖြစ်ခဲ့ပြီး ကျနော်တို့ ကစားရတာကလည်း အဆင်ပြေကောင်းမွန်ခဲ့ပါတယ်။ အဲ့ဒါဆိုရင် ဂိုးသွားတဲ့အချိန်မှာလည်း ဖြည်းဖြည်းလေး ထိမိတာကို ခရာမမှုတ်နဲ့လေ”

“ဒိုင်လူကြီးအနေနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို တသမတ်တည်းရှိသင့်ပါတယ်။ ဂိုးရလို့၊ မရလို့ဆိုပြီး မဖြစ်သင့်ပါဘူး။ ကျနော်တို့ရသွားတဲ့ဂိုးမှာ ဒါက ပြင်းထန်တဲ့ဆုံးဖြတ်ချက်ပါ” လို့ ပြောကြားခဲ့ပါတယ်။ ဒီပွဲရဲ့ ဒုတိယပိုင်းမှာ မန်စီးတီးတို့ ဖိုဒန်ရဲ့သွင်းဂိုးရရှိခဲ့ပေမယ့် ဒီမတိုင်ခင်မှာ ဟာလန်းက ဖာဘင်ဟိုကို ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တယ်ဆိုပြီး မန်စီးတီးရဲ့ဂိုးက ပယ်ဖျက်ခံခဲ့ရတာပါ။

အဲ့ဒီနောက် ပွဲကစားချိန်နှောင်းပိုင်းမှာတော့ အယ်လစ်ဆန် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ကန်ဆယ်လို တားဆီးတဲ့နေရာမှာ လွဲချော်ခဲ့ပြီး ဆာလာက တယောက်တည်း လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေး ကန်သွင်းခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဘာနာဒိုဆေးလ်ဗားက ဆာလာကို ဆွဲချခဲ့ပေမယ့် ဒိုင်လူကြီးက ပြစ်ဒဏ်ဘောမပေးခဲ့တာကြောင့် ဒါကို အပြင်းအထန် စောဒကတက်ခဲ့တဲ့ ကလော့ပ်လည်း အနီကတ်ပြ အထုတ်ခံခဲ့ရပါသေးတယ်။ 

Share

Loading Next Article...
က္က