ပေါ့ဂ်ဘာကတော့ သြဂုတ်လကုန်ပိုင်းနောက်ပိုင်းမှာ ယူနိုက်တက်အတွက် ၂ ပွဲသာ ကစားပေးထားနိုင်သူ ဖြစ်ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းကို အိမ်ကွင်းဧည့်ခံကစားရမယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်လူ ပေါ့ဂ်ဘာကတော့ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါ တယ်။
အသက် ၂၆နှစ်အရွယ် ပေါ့ဂ်ဘာအနေနဲ့ ခြေဖဝါးဒဏ်ရာကြောင့် ဆေးကုသနေရသူဖြစ်ပြီး သြဂုတ်လကုန်ပိုင်း ကစပြီး ၂ ပွဲသာ ကစားထားနိုင်ပါသေးတယ်။
လက်ရှိတွေ့ဆုံမယ့် နှစ်သင်းမှာ ယူနိုက်တက်က တန်းဆင်းဇုန်ထက် ၂ မှတ်သာများနေပြီး လီဗာပူးကတော့ ထိပ်ဆုံးမှာ ဒုတိယနေရာက အသင်းကို ၈ မှတ်ဖြတ်ဦးဆောင်နေတာပါ။
ယူနိုက်တက်အတွက် ပေါ့ဂ်ဘာမပါဝင်နိုုင်မယ့်သတင်းက အသင်းကို ပိုမိုအားနည်းစေခဲ့ပြီ ဖြစ်သလို အခြား အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဂိုးသမား ဒီဂီယာလည်း ပါဝင်နိုင်ခြင်း မရှိဘူးလို့သိရပါတယ်။
ပေါင်ခြံဒဏ်ရာကို နိုင်ငံအသင်းနဲ့ပွဲမှာရခဲ့တာလို့သိရပြီး ဒီဂီယာ မဖမ်းနိုင်ပါက အာဂျင်တီးနား ဂိုးသမား ရိုမီယိုက လီဗာပူးနဲ့ပွဲကိုဖမ်းရပါလိမ့်မယ်။
ပေါ့ဂ်ဘာကတော့ ယူနိုက်တက်အတွက် နောက်ဆုံး ကစားခဲ့တဲ့ပွဲက စက်တင်ဘာ ၃၀ ရက်နေ့တုန်းက အာဆင်နယ်နဲ့တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲဖြစ်ပြီး နယူးကာဆယ်ကို၁-၀ နဲ့ရှုံးတဲ့ပွဲကိုတော့ လွဲထားပါတယ်။