ပင်နယ်တီရရှိနိုင်တဲ့ ၂ ကြိမ်စလုံး ခွင့်မပြုခဲဲ့တာပါ။

မန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အန်းဖီးမှာ ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ ပွဲစဉ်က ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာရဲ့စွမ်းဆောင်ရည်ကို တရားဝင်စောဒကတက်ခဲ့တယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

နည်းပြပက်ဂွါဒီယိုလာနဲ့ မန်ချက်စတာစီးတီးကစားသမားတွေဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာအတွက် ကြီးမားတဲ့တိုက်ပွဲမှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။

ကြီးကြီးမားမားပြောစရာကတော့ ပထမပိုင်း ၁၀ မိနစ်မှာ ပင်နယ်တီဧရိယာအတွင်း အလက်ဇန္ဒားအာနိုးလ်ရဲ့လက်ကို ဘောလုံး ရှင်းရှင်းလင်းလင်း ထိသွားခဲ့ပေမယ့် မန်ချက်စတာစီးတီးအသင်းကို ပင်နယ်တီမပေးခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးကစားသမားအချို့ဟာ မိုက်ကယ်အိုလီဗာကို စောဒကတက်ခဲ့ကြပြီး လီဗာပူးအသင်းဟာ ယင်းဖြစ်စဉ်ဖြစ်ပွားပြီး ၂၂ မိနစ်အကြာမှာ တန်ပြန်တိုက်စစ်ကနေတဆင့် ဂိုးပေးလိုက်ရတဲ့အတွက် ပိုလို့တောင် ဒေါသထွက်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးနောက်ခံကစားသမား အလက်ဇန္ဒားအာနိုးလ်ဟာ ယင်းပွဲစဉ်အတွင်းမှာပဲ နောက်ထပ်တစ်ကြိမ် ဘောလုံးကို လက်နဲ့ထိခဲ့သေးပြီး ဒုတိယပိုင်းမှာ ပင်နယ်တီဧရိယာအတွင်း စတားလင်းကို မာနေးက တွန်းခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ရလဒ်အနေနဲ့ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးအသင်းဟာ ပရော်ဖက်ရှင်နယ်ပွဲတာဝန်ရှိသူများလီမိတက်ရဲ့အထွေထွေမန်နေဂျာ မိုက်ရီလေးဆီကို စာပေးပို့ခဲ့ပြီး တရားဝင်စောဒကတက်လိုက်ပြီလို့ သိရပါတယ်။

မိုက်ရီလေးဟာ လက်ရှိအချိန်မှာ VAR အလုပ်လုပ်ပုံနဲ့ပတ်သက်ပြီး ကောင်းကောင်းစိတ်ကျေနပ်မိတယ်လို့ ပြောကြားခဲ့ပြီး ယခုအပတ် ပရီးမီးယားလိဂ်ဒိုုင်လူကြီးတွေကြားမှာ အငြင်းပွားစရာဖြစ်ပေါ်စေခဲ့သူဖြစ်ပါတယ်။

Share

က္က