ဘရူနိုကတော့ အဝါကတ် ငါးကတ်ပြည့်သွားခဲ့ပါပြီ။

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဘုန်းမောက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဘရူနိုဖာနန်ဒက်စ်က အဝါကတ်ထိခဲ့တာကြောင့် လာမယ့်တစ်ပတ် လီဗာပူးနဲ့ပွဲကို လွဲချော်ရတော့မှာပါ။ ဘရူနိုဖာနန်ဒက်စ်ဟာ အဝါကတ် ငါးကတ်ပြည့်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။



ဒါပေမယ့် ဘရူနိုဖာနန်ဒက်စ် အခုလိုမျိုး အဝါကတ်ထိခဲ့တာက လီဗာပူးနဲ့ပွဲကို လွဲချော်ချင်လို့ တမင်​ရည်ရွယ်ချက်ရှိရှိ ရယူခဲ့တာဆိုပြီး ဝေဖန်ခံနေရပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီ လီဗာပူး ကွင်းမှာ ၇-၀ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး အရှက်တကွဲ ရှုံးနိမ့်ခဲ့တာပါ။
အဲ့ဒါကြောင့်လည်း ရစ်ချက်ကီးစ်နဲ့ ဂရေးတို့ရဲ့ ဆွေးနွေးခန်းမှာ ဘရူနိုဖာနန်ဒက်စ်က လီဗာပူးနဲ့ပွဲကို ရှောင်လွှဲချင်လို့ တမင်အဝါကတ်ရယူခဲ့တာဖြစ်ကြောင်း၊ အဝါကတ် လေးကတ် ထိပြီးတာကိုလည်း ဘရူနိုဖာနန်ဒက်စ်က သိရှိထားကြောင်း အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ၀-၃ ဖြစ်သွားချိန်မှာ ယူနိုက်တက် ကစားသမားတွေက လိုက်မကစားတော့ဘဲ လေးငါးဂိုးအထိ ပြတ်သွားနိုင်ကြောင်း၊ နောက်တစ်ပတ် လီဗာပူးနဲ့ပွဲက ဒီထက်ပိုဆိုးနိုင်တာကို ဘရူနိုဖာနန်ဒက်စ် သိရှိထားကြောင်း၊ အဝါကတ်ကို တမင်တကာ မရယူဖို့ မျှော်လင့်ကြောင်း၊ ဒီလိုသာ လုပ်ခဲ့ရင် ဘောလုံးသမားတစ်ယောက်အနေနဲ့ တော်တော်ရှက်ဖို့ကောင်းကြောင်း ပြောကြားခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ရာသီအဖွင့် (၅) ပွဲ ကစားပြီးချိန်မှာကတည်းက အဝါကတ် (၃) ကတ်အထိ ပြသခံထားရတဲ့ ကစားသမားဖြစ်ပါတယ်။ သူဟာ (၄) ကတ်မြောက် အဝါကတ်ကို ပြီးခဲ့တဲ့ပွဲတွေမှာကတည်းက ထိခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ (၅) ကတ်မြောက်နဲ့အတူ ပွဲပယ်ခံရတော့မှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က