လာမယ့်အပတ်မှာ ထိပ်တိုက်တွေ့နေပါတယ်။

နှစ်သင်းကြား အမှတ်ကွာဟမှု ၆ မှတ်ရှိနေပြီး အခုလို ထိပ်တိုက်တွေ့ဆုံမှုက နှစ်သင်းကြား ရမှတ်ကို ကျဉ်းမြောင်း စေနိုင်သလို ပိုမို ကွာဟစေနိုင်ဖို့လည်း ရှိနေတာပါ။

လာမယ့်အပတ်မှာ ထိပ်တိုက်တွေ့ဆုံနေတဲ့ လီဗာပူးနဲ့ပွဲမှာ ဘယ်လိုရလဒ်ထွက်ပေါ်လာသည်ဖြစ်စေ အသင်းရဲ့ ချန်ပီယံ မျှော်လင့်ချက်ကို တစ်စုံတရာ ထိခိုက်စေနိုင်မှာ မဟုတ်ဘူးလို့ မန်စီးတီး နည်းပြ ဂွါဒီယိုလာက ပြောခဲ့ တယ်လို့ Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။


လီဗာပူးအနေနဲ့ ပြီးခဲ့တဲ့အပတ်တုန်းက အက်စတန်ဗီလာနဲ့ ကစားခဲ့ရာမှာ ၁-၀ နဲ့ အရေးနိမ့်နေပြီးမှ ရော်ဘင်ဆန်၊ မာနေးတို့ရဲ့ချေပဂိုးတွေနဲ့အတူ နိုင်ပွဲကို ဆက်လက်ရှာဖွေနိုင်ခဲ့တာပါ။



လက်ရှိမှာတော့ လီဗာပူးအိမ်ကွင်းကို အဝေးကွင်းလိုက်ပါ ကစားရမယ့်အပေါ်မှာတော့ ဂွါဒီယိုလာက - “ သူတို့အိမ် ကွင်းမှာ ဘယ်လောာက်ပဲ နှစ်တွေကြာကြာ ရှုံးပွဲမရှိ စွမ်းဆောင်ထားပါဦးတော့ ဒီတစ်ကြိမ်တော့ မထင်ပါဘူး။” လို့ ပြောဆိုခဲ့ပါတယ်။

မန်စီးတီးအနေနဲ့ လီဗာပူးအသင်းရဲ့ အိမ်ကွင်းမှာ ပရီးမီးယားလိဂ်နိုင်ပွဲမရတာ ၁၅ နှစ်လောက်ရှိပြီလို့ သိရပြီး အဆိုပါ စံချိန်ကို ဂွါဒီယိုလာတစ်ယောက် ချိုးဖျက်နိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

“ပွဲတွေ အများကြီး ကစားဖို့ ကျန်ပါသေးတယ်၊ဘာမဆိုဖြစ်သွားနိုင်ပါသေးတယ်။” လို့ ဂွါဒီယိုလာက ဆက်လက် ပြောခဲ့ပါတယ်။

မန်စီးတီးကတော့ လီဗာပူးနဲ့ အဝေးကွင်းမကစားရခင် အီတလီကိုသွားပြီး အတ္တလန္တာနဲ့ ချန်ပီယံလိဂ်ပွဲ ကစားရဦး မှာပါ။



ဆက်စပ်အကြောင်းအရာများ

Share

က္က