ပထမပိုင်းမှာတင် ယူနိုက်တက်အခြေအနေကို ရိပ်စားမိခဲ့ကြတာပါ။

လီဗာပူးနဲ့ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ အဝေးကွင်းကို လာရောက်အားပေးတဲ့ ယူနိုက်တက်ပရိသတ်အချို့ဟာ ပထမပိုင်းပြီးတည်းက ကွင်းအတွင်းကနေ ထွက်ခွာပြီး အိမ်ပြန်သွားခဲ့ကြတယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်ဟာ ဒီပွဲမှာ ပွဲကစားချိန် အစောပိုင်းတည်းက ဒီယက်ဇ်ရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရတာပါ။



ဒါ့အပြင် ပထမပိုင်း (၄၅) မိနစ်အတွင်းမှာလည်း ပြိုင်ဘက်ဂိုးပေါက်ကို တကြိမ်တောင် မခြိမ်းခြောက်နိုင်၊ လီဗာပူးကိုလည်း ယှဥ်မကစားနိုင်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် မာနေးရဲ့ လှလှပပ ဖန်တီးပေးမှုကတဆင့် ဆာလာက ဒီဂီယာနဲ့တယောက်ချင်းတွေ့တဲ့ အနေအထားမှာ လီဗာပူးအတွက် ဒုတိယဂိုးသွင်းယူပေးခဲ့ပါတယ်။

ပထမပိုင်းမပြီးခင်တည်းက နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်နေခဲ့တာကြောင့် ယူနိုက်တက်ပရိသတ်တွေဟာ ပွဲပြီးအောင်ဆက်မကြည့်ဘဲ အန်ဖီးလ်ကွင်းထဲကနေ ထွက်ခွာသွားခဲ့တယ်လို့ သိရှိရပါတယ်။ အခြားအသင်းပရိသတ်တွေကလည်း “ယူနိုက်တက်ပရိသတ်တွေက ပထမပိုင်းပြီးတည်းက ကွင်းထဲက ထွက်သွားကြပြီ။ ကောင်းလိုက်တာကွာ”

“ယူနိုက်တက်ပရိသတ်တွေက လန်ဒန်ကို သွားဖို့အတွက် အခုတည်းက အိမ်ပြန်ပြီး ပြင်ဆင်နေကြပါပြီ” “ယူနိုက်တက်ပရိသတ်တွေ အိမ်ပြန်ကုန်ကြပြီ” အစရှိသဖြင့် အမျိုးမျိုး လှောင်ပြောင်ခဲ့ကြပါတယ်။ ယူနိုက်တက်ဟာ လာမယ့် ဧပြီ (၂၃) မှာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲအဖြစ် သွားရောက်ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

ဒါ့အပြင် အခု လီဗာပူးနဲ့ပွဲကိုလည်း ယူနိုက်တက်ရဲ့ ဂန္တဝင်နည်းပြဟောင်းကြီး ဆာအဲလက်စ်ဖာဂူဆန်က လာရောက်ကြည့်ရှုခဲ့ပြီး ပွဲကြည့်စင်ပေါ်မှာ မျက်စိပျက်၊ မျက်နှာပျက်ဖြစ်နေရတာကို ပရိသတ်တွေ မြင်တွေ့နေရပါတယ်။ ဒီမြင်ကွင်းကို ယူနိုက်တက်ပရိသတ်တွေက စိတ်မကောင်းဖြစ်နေပြီး ဖာဂူဆန်အတွက် ဒီလိုအိပ်မက်ဆိုးတွေပေးတာကို ရပ်တန့်သင့်ပြီလို့ ရေးသားခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က