လီဗာပူးနဲ့ပွဲမှာ အရေးပါတဲ့ဂိုးကို သွင်းယူပေးခဲ့တာပါ။

ယူနိုက်တက် တောင်ပံကစားသမား အန်တိုနီက လီဗာပူးနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးက သူ့အတွက် ဘယ်လောက်အထိ အရေးပါကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ လီဗာပူးကို ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။



ဒီပွဲမှာ လီဗာပူးတို့ မိနစ် (၉၀) ပြည့်ခါနီးအထိ ၁-၂ ဂိုးနဲ့ ဦးဆောင်ထားခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှ လူစားဝင်လာတဲ့ အန်တိုနီက ပင်နယ်တီဧရိယာထဲမှာ သူ မသန်တဲ့ ညာခြေနဲ့ တစ်ပတ်လှည့် ကန်သွင်းပြီး ချေပဂိုး ရယူပေးခဲ့ပါတယ်။

အန်တိုနီဟာ လူစားဝင်လာပြီး တောက်လျှောက်မှာလည်း လီဗာပူး ခံစစ်တန်းကို အလုပ်ရှုပ်စေခဲ့ပြီး အသင်းရဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် လမ်းကြောင်းအတွက် အကောင်းဆုံး အကျိုးပြုခဲ့ပါတယ်။ ဒီပွဲက သွင်းဂိုးနဲ့ ပတ်သက်လို့ အန်တိုနီက “ပုဂ္ဂိုလ်ရေးအရ ပြောရမယ်ဆိုရင် ကျွန်တော့်အတွက် အရမ်းကို အရေးကြီးတဲ့ အခိုက်အတန့်ဖြစ်ခဲ့ပါတယ်”

“ကျွန်တော့်အတွက် ဒီသွင်းဂိုးကို လိုအပ်ခဲ့ပါတယ်။ ကျွန်တော် ဒီသွင်းဂိုးအကြောင်း စဉ်းစားနေတာကို ရပ်တန့်လို့တောင်မရသေးပါဘူး။ ဒီလိုပွဲမျိုးတွေက ကျွန်တော်တို့ရဲ့ တန်ဖိုးကို ပြသရတဲ့ ပွဲလိုမျိုးဖြစ်ပြီး ဒီပွဲရလဒ်က ဒီရာသီအတွက် အသင်းမှာရှိတဲ့လူတိုင်းကို စိတ်ဓာတ်ခွန်အားပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

အန်တိုနီဟာ ယူနိုက်တက်ကို ပြီးခဲ့တဲ့ဘောလုံးရာသီမတိုင်ခင်မှာ ရောက်ရှိလာခဲ့တာပါ။ သူ့အတွက် ယူနိုက်တက်တို့ ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀​) ပေးခဲ့ရပြီး ကစားသမားကတော့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို မပြသထားနိုင်ဘူးလို့ ဝေဖန်ခံခဲ့ရပါတယ်။

Share

Loading Next Article...
က္က