မန်စီးတီးနဲ့စပါးတို့ပွဲစဉ်မှာ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်ချခဲ့သူပါ။

လာမယ့်တနင်္ဂနွေနေ့ အန်းဖီးမှာ လီဗာပူးနဲ့ မန်ချက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို မိုက်ကယ်အိုလီဗာက တာဝန်ယူကိိုင်တွယ်သွွားမယ်လို့ Mirror ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ပရီးမီးယားလိဂ်ဖလားလုဘက်တွေဖြစ်တဲ့ လီဗာပူးနဲ့ မန်ချက်စတာစီးတီးတို့ဟာ ချန်ပီယံဖြစ်ဖို့အတွက် အရေးကြီးတဲ့ပွဲစဉ်အဖြစ် တနင်္ဂနွေနေ့မှာ အန်းဖီးကွင်းထဲမှာ ရင်ဆိုင်ယှဉ်ပြိုင်သွားကြတော့မှာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ယခုရာသီမှာ ရှုံးပွဲအရသာကို မြည်းစမ်းရခြင်းမရှိသေးဘဲ မန်ချက်စတာစီးတီးကတော့ လီဗာပူးထက် ၆ မှတ်လျော့နည်းပြီး ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

လီဗာပူးအသင်းအနေနဲ့ အိမ်ကွင်းအန်းဖီးမှာ မန်ချက်စတာစီးတီးအသင်းကို အနိုင်ရရှိခဲ့မယ်ဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးမှာ ၉ မှတ်အထိဖြတ်ပြီး ဦးဆောင်နိုင်တော့မှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်က အန်းဖီးမှာ ကစားကြမယ့် လီဗာပူးနဲ့ မန်စီးတီးတို့ပွဲစဉ်ကို မိုက်ကယ်အိုလီဗာက ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူသွားမယ်လို့ အတည်ပြုခဲ့ပြီး VAR ဒိုင်လူကြီးအဖြစ် ပေါလ်တီယာနေးက တာဝန်ယူသွားမယ်လို့ သိရပါတယ်။

မိုက်ကယ်အိုလီဗာဟာ ယခုရာသီမှာ လီဗာပူးအသင်းရဲ့ပွဲစဉ်တွေကို ၂ ကြိမ်အထိ ကိုင်တွယ်ခဲ့သူဖြစ်ပြီး နောဝစ်၊ ချယ်ဆီးအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်တွေကို ကိုင်တွယ်ပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မိုက်ကယ်အိုလီဗာဟာ ပြီးခဲ့တဲ့ သြဂုတ်လက မန်ချက်စတာစီးတီးနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ အငြင်းပွားဖွယ်သရေကျခဲ့တဲ့ပွဲစဉ်ကိုလည်း ကိုင်တွယ်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့တနင်္ဂနွေနေ့က စပါးနဲ့ အဲဗာတန်တို့ သရေကျခဲ့တဲ့့ပွဲစဉ်မှာ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်ချခဲ့တဲ့ မာတင်အက်ကင်ဆန်ကတော့ နယူးကာဆယ်နဲ့ဘုန်းမောက်တို့ ကစားမယ့်ပွဲစဉ်ကို တာဝန်ယူသွားမယ်လို့ သိရပါတယ်။

Share

က္က