ဖလားမရတာ တော်တော်လေးကြာနေပြီဖြစ်လို့ ပြောနေတာလို့ ပြောခဲ့တာပါ။

လီဗာပူးဂန္တဝင်ကစားသမား ဂျေမီကာရေဂါဟာ လီဗာပူးကြယ််ပွင့်တွေကို ဖလားပြိုင်ပွဲမှာ အရဲစွန့်ပြီး မသုံးဖို့ နည်းပြကလော့ပ်ကို တောင်းဆိုခဲ့ပြီး အဲဒီမှာသုံးမယ့်အစား အသင်းအတွက် ပွဲကြပ်ကာလဖြစ်လာမယ့် ဆောင်းရာသီမတိုင်မီ ပရီးမီးယားလိဂ်မှာ အာရုံစိုက်သွားဖို့ ပြောကြားခဲ့တယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာစီးတီးအသင်းကို ရာသီအပိတ်ပွဲစဉ်အထိ လိုက်လံဖိအားပေးနိုင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ၉၇ မှတ်အထိ ရရှိခဲ့ပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းက ၁ မှတ်အသာနဲ့ ပရီးမီးယားလိဂ်ဖလားကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

ယခုရာသီမှာတော့ လီဗာပူးအသင်းဟာ ၁၂ ပွဲကစားပြီးချိန်မှာ ၈ မှတ်ပြတ်နဲ့ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့လက မန်ချက်စတာယူနိုက်တက်နဲ့ တစ်ဖက် ၁ ဂိုးစီသရေကျတဲ့ ၁ ပွဲမှာသာ အမှတ်လျော့ကျခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ယခုအပတ် ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပြီး ရက်ပေါင်း ၄၀ အတွင်း ၁၃ ပွဲအထိ ကစားသွားရတော့မှာဖြစ်တာကြောင့် လီဗာပူးကြယ်ပွွင့်ဟောင်း ကာရေဂါက ပြည့်ကြပ်နေတဲ့ပွဲစဉ်စာရင်းတွေနဲ့ပတ်သက်ပြီး အသင်းဟောင်းကို ရှင်းလင်းတဲ့ သတိပေးမှု ပြုလုပ်ခဲ့တယ်လို့ Liverpool Echo က ဖော်ပြခဲ့ပါတယ်။

“လီဗာပူးပရိသတ်တွေအများစုက ဒါကို မပြောချင်ကြဘူးဆိုတာ ကျွန်တော် သိပါတယ်။ အသင်းကလည်း လုံးဝ မပြောချင်ပါဘူး။ ဒါပေမယ့် လီဗာပူးအသင်း အမှတ်ပေးဖလားကို ရရှိမယ့်လမ်းမှာ ဘာကိုမှ အဝင်မခံနိုင်ဘူး။ ဘာတစ်ခုကိုမှပဲ”

“ကရာဘောင်ဖလားပြိုင်ပွဲမှာ အက်စ်တွန်ဗီလာနဲ့ကစားရမယ့်ပွဲလား။ တကယ်လို့ လီဗာပူး နောက်တဆင့်တက်သွားရင် သူတို့တွေ ဆီမီးဖိုင်နယ် ၂ ကျော့ကစားရမယ်။ အဲဒါက လီဗာပူး အမှတ်ပေးဖလားရရှိမယ့် လမ်းမှာ ဝင်မရှုပ်နိုင်ပါဘူး”

“အဲဒါကို ကျွန်တော် ဆိုလိုချင်တာက အဲဒီ ကရာဘောင်ဖလားပြိုင်ပွဲကန်မယ့်အသင်းမှာ ခင်ဗျားရဲ့ ပထမပွဲထွက်ကစားသမား ၁၁ ဦးထဲက တစ်ယောက်မှကို မကစားခိုင်းတာပါ။ တစ်ယောက်မှ မကစားရပါဘူး”

“တကယ်လို့ လီဗာပူး ဒီနှစ်မှာ အမှတ်ပေးဇယားရခဲ့ပြီး နောက်နှစ်မှာလည်း တူညီတဲ့နေရာကိုပဲ ထပ်ရခဲ့မယ်ဆိုရင် ကျွန်တော် ဒါကို ပြောတော့မှာမဟုတ်ပါဘူး”

“ကျွန်တော် ပြောကောင်းပြောနိုင်တာက ‘ငါတို့က လီဗာပူးအသင်း။ ငါတို့တွေ ဆုဖလားတွေ အများကြီးရအောင် ကြိုးစားသင့်တယ်’လို့ပဲ ပြောပါလိမ့်မယ်။ ဒါပေမယ့် အခု ဘာလို့လဲ ဒီလိုပြောနေတာလဲဆိုတော့ ဖလားမရတာတော်တော်လေး ကြာနေခဲ့ပြီလေ။ အဲဒီတော့ ဘာကိုမှ လီဗာပူးအသင်း ဖလားရမယ့်လမ်းကြောင်းမှာ အဝင်မခံနိုင်ပါဘူး”လို့ Liverpool Echo ကို ပြောကြားခဲ့ပါတယ်။

Share

က္က