လီဗာပူးအနေနဲ့ ချန်ပီယံအဖြစ်ရပ်တည်ဖို့ ရမှတ် ၆မှတ်ပဲလိုအပ်တော့တာပါ။

လူစုလူဝေးဖြစ်လာနိုင်တဲ့အခြေအနေကြောင့် COVID-19 ပျံ့ပွားလာနိုင်ခြင်းအပေါ် တာဝန်ရှိသူအားလုံးကစိုးရိမ် နေကြတာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်တွေပြန်လည်စတင်ခဲ့ပါက ချန်ပီယံအဖြစ်ရပ်တည်ဖို့ ရာနှုန်းပြည့်နီးပါးသေချာနေခဲ့တဲ့ လီဗာ ပူးအသင်းရဲ့ပရိသတ်တွေ အလွန်အကျွံအောင်ပွဲခံလာနိုင်တဲ့အပေါ် ဗြိတိန်ရဲတပ်ဖွဲ့အပါအဝင် တာဝန်ရှိသူတွေ အားလုံးက စိုးရိမ်မှုမြင့်တက်နေတယ်လို့ dailymail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

သတင်းဖော်ပြမှုတွေအရ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ကျင်းပနိုင်သည်ဖြစ်စေ၊ လီဗာပူးအသင်းကို ချန်ပီယံအဖြ စ်သတ်မှတ်ပေးသည်ဖြစ်စေ နှစ် ၃ဝကျော်ကြာမှ ပြန်ရမယ့် အောင်ပွဲအတွက် လီဗာပူးပရိသတ်အများစုအနေနဲ့ အကြီးအကျယ်အောင်ပွဲခံဖို့ရှိနေခဲ့တာလည်းဖြစ်ပါတယ်။



Liverpool Echo ရဲ့ဖော်ပြချက်အရ ဗြိတိန်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေအနေနဲ့ အလွန်အကျွံအောင်ပွဲခံလာနိုင်ဖွယ် ရှိတဲ့ လီဗာပူးပရိသတ်များရဲ့အခြေအနေကြောင့် လုံခြုံရေးအင်အားပိုမိုတိုးမြှင့်လုပ်ဆောင်ရန်စီစဉ်နေခဲ့ပြီး ချန်ပီ ယံလိဂ်အောင်ပွဲအတွင်း ပရိသတ် ၇၅၀,၀၀၀ အထိပါဝင်ခဲ့တဲ့ အောင်ပွဲခံမှုမျိုးကို တားဆီးဖို့အတွက်လည်း အစိုး ရအာဏာပိုင်များက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

၂၀၁၉-၂၀ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြီးစီးဖို့ ၉ပွဲအလိုမှရပ်တံ့ထားရတာဖြစ်ပေမယ့်အမှတ်ပေး ဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းအနေနဲ့ ဒုတိယနေရာကို မန်စီးတီးအသင်းထက် ၁ပွဲပိုကစားပြီးရမှတ် ၂၅မှတ်အထိဖြတ်ထားနိုင်ခဲ့ခြင်းကြောင့် ချန်ပီယံအသင်းပေါ်ထွက်လာဖို့ အနီးစပ်ဆုံးအခြေအနေရှိနေခဲ့တာ လ ည်းဖြစ်ပါတယ်။

လက်ရှိရလဒ်တွေအရ လီဗာပူးအသင်းအနေနဲ့ လက်ကျန်ပွဲစဉ် ၉ပွဲထဲက ၂ပွဲအနိုင်ရရုံဖြင့် ဆယ်စုနှစ် ၃ခုအကြာ လက်လွှတ်ထားခဲ့ရတဲ့ အမှတ်ပေးချန်ပီယံဆုဖလားကို ပြန်လည်ရယူနိုင်မှာဖြစ်ပြီး ပရိသတ်အများစုကလည်းနိုင် ငံအတွင်း လှည့်လည်အောင်ပွဲခံရန် စီစဉ်မှုအချို့ပြုလုပ်ထားတယ်လို့ bbc က ဖော်ပြထားပြီးဖြစ်ပါတယ်။

Share

Loading Next Article...
က္က