မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရိသတ်တဦးဟာ ဒီရာသီမှာ လီဗာပူးလ်အသင်း ဆုဖလား ၄ လုံးကို တပြိုင်နက်တည်းဆွတ်ခူးမယ်ဆိုကာ လောင်းကြေးထပ်ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ လီဗာပူးလ်ဟာ ကာရာဘောင်းဖလားကို ဆွတ်ခူးထားပြီးဖြစ်ကာ နောက်ထပ် ဖလား ၃ လုံးရယူနိုင်ဖို့အတွက်ကလည်း အနီးစပ်ဆုံးအနေအထားမှာ ရှိနေပါတယ်။
ချန်ပီယံလိဂ်ဗိုလ်လုပွဲ၊ အက်ဖ်အေဖလားဗိုလ်လုပွဲတွေကို လီဗာပူးလ်က တက်ရောက်ထားပြီး ပရီးမီးယားလိဂ်မှာတော့ မန်စီးတီးနဲ့ ၃ မှတ်ကွာဟနေကာ လက်ကျန်ပွဲ ၃ ပွဲ ကစားဖို့ရှိနေပါသေးတယ်။ အသက် ၇၂ နှစ်အရွယ် ဖီးဝေါ်သင်တန်ဆိုတဲ့ ယူနိုက်တက်ပရိသတ် အဖိုးအိုက လီဗာပူးလ်ဘက်ကနေ ပေါင် ၁၀၀ လောင်းကြေးတင်ထားခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ လောင်းကြေးအတွက် ဘွတ်ကီတွေက အဆပေါင်း ၁၀၀၀ အထိ သတ်မှတ်ထားတာဖြစ်လို့ လီဗာပူးလ်သာ ဖလား ၄ လုံးရခဲ့မယ်ဆိုရင် ဖီးဝေါ်သင်တန်က ပေါင်တသိန်းအထိ ပြန်လည်ရရှိမှာပဲဖြစ်ပါတယ်။ လျှပ်စစ်ပညာရှင်ဟောင်းတဦးဖြစ်တဲ့ ဖီးလ်ဝေါ်သင်တန်က နောက်ထပ်လောင်းကြေးအဖြစ် လီဗာပူးလ်ဖလား ၃လုံးရမယ်ဆိုကာ ပေါင် ၁၇၀ လောင်းထားပြီး အနိုင်ရမယ်ဆိုရင် ပေါင် ၆၅၀၀ အထိ ရမယ်လို့လည်း သိရပါတယ်။
ကာယကံရှင်ဖြစ်သူ ဝေါ်သင်တန်က "လီဗာပူးလ်ကို အမှန်တကယ်ဆိုရင်တော့ မရစေချင်ပါဘူး၊ ဒါပေမယ့်လည်း ကျနော်လောင်းထားတာက အနိုင်ရဖို့အတွက် အရမ်းနီးစပ်နေပါတယ်၊ သူတို့တွေ ၆ ပွဲအနိုင်ရပြီး မန်စီးတီးက ရမှတ်လျော့လိုက်တာနဲ့ ကျနော်အနိုင်ရတော့မှာပါ၊ ပုံမှန်အားဖြင့်ဆိုရင် ကျနော်က ဩစတြေးလျမှာ သမီးတွေကို သွားတွေ့ဖို့ လေယာဉ်စရိတ်အဖြစ်နဲ့ပဲ ပိုက်ဆံအကုန်ခံတာပါ" လို့ ဖွင့်ဟခဲ့ကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။