၆ ပွဲကစားအပြီးမှာ ၉ မှတ်သာရထားသေးတာပါ။

အက်စတွန်ဗီလာတိုက်စစ်မှူးဟောင်း ဂါဘရီရယ်အဘွန်လဟော်ကတော့ လီဗာပူးလ်အသင်းက ဒီရာသီမှာ အဆင့် ၄ အတွင်းဝင်နိုင်ဖို့ကိုပဲ ကစားရတော့မယ်လို့ ပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်ကတော့ စနေနေ့က ကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာလည်း သရေသာ ကျခဲ့လို့ ရမှတ် ၂ မှတ်ဆုံးရှုံးခဲ့ပြီး ဒီရာသီပရီးမီးယားလိဂ် ၆ ပွဲမှာ အမြင့်ဆုံးရနိုင်ချေ ၁၈ မှတ်မှာ ၉ မှတ်သာ ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ 

အဆိုပါပွဲနဲ့ပတ်သက်ပြီး အဘွန်လဟော်က သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့တာဖြစ်ပြီး ကလော့ပ်ရဲ့ အသင်းသားတွေဆီမှာ အ​ောင်ပွဲရယူချင်တဲ့ စိတ်ဓာတ်မျိုးတွေမရှိဘူးလို့လည်း ဝေဖန်ခဲ့ပါတယ်။ talkSPORT ကတဆင့် လီဗာပူးလ်ရဲ့ အမှတ်ပေးဖလားရယူဖို့တိုက်ပွဲဝင်မှုက ခက်ခဲမယ်ဆိုတာကိုလည်း သူက အခုလိုပဲပြောဆိုသွားခဲ့ပါတယ်။ 


"ကျနော့်အတွက်တော့ လီဗာပူးလ်က ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ယှဉ်ပြိုင်နိုင်တော့မှာမဟုတ်ဘူးဆိုတာ ၁၀၀% သေချာပါတယ်၊ သူတို့တွေ အဆင့် ၄ အတွင်းဝင်ဖို့ကိုပဲ တိုက်ပွဲဝင်ရမှာပါ၊ ဘာလို့လဲဆိုတော့ အာဆင်နယ်တို့၊ စပါးတို့ကလည်း ရှိနေပါပြီ၊ သူတို့က နိုင်အောင် ဘယ်လိုကစားရမလဲဆိုတာကို သိနေပြီ၊ ပြီးတော့ အနိုင်ယူနိုင်တဲ့၊ အနိုင်ယူချင်တဲ့ စိတ်ဓာတ်မျိုးလည်းရှိနေပါတယ်" 

"သူတို့မှာ လွဲချော်ပျောက်ဆုံးနေတာက မာနေးလို ထက်မြက်မှုနဲ့ ဂိုးဖန်တီးမှုလုပ်ပေးနိုင်မယ့် ကစားသမားမျိုးကို အားကိုးရမယ့်အချိန်မှာ အားကိုးရမယ့်သူမရှိတာပါ၊ မာနေးက ဆာလာအတွက် နေရာလွတ်တွေရအောင် ပိုလုပ်ပ​ေးနိုင်ပြီး ဆာလာက ဂိုးသွင်းနိုင်ပုံမရှိသလို ဆာလာနဲ့လည်းမတူတော့ပါဘူး၊ တောင်ပံတွေကိုထွက်ပြီးတော့ သူ နေရာလွတ်တွေရှာရမှာပါ"


"ကွင်းလယ်ကလည်း အလုပ်မဖြစ်ပါဘူး၊ ဖာဘင်ဟိုက အထိုင်ကစားနေပြီးတော့ သူ့ရှေ့မှာ အီလီယေ့ာနဲ့ ကာဗယ်ဟိုတို့ရှိပါတယ်၊ ကျနော့်အတွက်တော့ ဒါက အလုပ်မဖြစ်ဘူးထင်တာပဲ" လို့ အဘွန်လဟော်က ပြောဆိုခဲ့ပါတယ်။



Share

Loading Next Article...
က္က