ဆီနီဂေါလက်ရွေးစင်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ လီဗာပူးလ်နဲ့ စာချုပ်သစ် မချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းကို ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။

လီဗာပူးလ်ကြယ်ပွင့်ဟောင်း ဆာဒီယို မာနေးက အန်းဖီးကနေ ဘိုင်ယန်မြူးနစ်အသင်းကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့ပြီးနောက် အားလပ်ရက် အပန်းဖြေနေချိန်အတွင်း ခရစ္စတီယာနို ရော်နယ်လ်ဒို ပြောခဲ့တဲ့စကားကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မာနေးဟာ ၂၀၁၆ ခုနှစ်မှာ ဆောက်သမ်တန်ကနေ ပေါင် ၃၄ သန်းနဲ့ လီဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားဖြစ်ပြီး နည်းပြ ယာဂန် ကလော့ပ်လက်အောက်မှာ ကစားခဲ့တဲ့ ၆ ရာသီအတွင်း ခြေစွမ်း တဟုန်ထိုး တိုးတက်လာခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဆီနီဂေါတောင်ပံကစားသမားဟာ မိုဟာမက် ဆာလား၊ ဖာမီနိုတို့နဲ့အတူ တောက်ပတဲ့ လီဗာပူးလ်ကစားသမားဘဝမှာ ဥရောပရဲ့ ကြောက်မက်ဖွယ်အကောင်းဆုံးတိုက်စစ်အတွဲတွေထဲက တစ်ခုကို ပုံဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မာနေးဟာ အန်းဖီးမှာ ရှိနေခဲ့တဲ့ကာလအတွင်း လီဗာပူးလ်အသင်းအတွက် ၂၆၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၂၀ အထိ သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆီနီဂေါလက်ရွေးစင်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ လီဗာပူးလ်နဲ့ စာချုပ်သစ် မချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းကို ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး မာနေးက မာယော်ကာမှာ အယ်လ်နာဆာကြယ်ပွင့် ရော်နယ်လ်ဒိုနဲ့ ဖြတ်သွားဖြတ်လာ ဆုံတွေ့ခဲ့ချိန်မှာ ဘလွန်ဒေါ ၅ ဆုရှင်က ရင်းရင်းနှီးနှီးစကားပြောဆိုခဲ့တဲ့အကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

"ကျွန်တော့် အပြောင်းအရွှေ့အပြီး ဒီရာသီမတိုင်ခင် မာယော်ကာမှာ ရော်နယ်လ်ဒိုနဲ့ဆုံခဲ့တယ်။ သူက ကျွန်တော့်ကို ဂုဏ်ပြုခဲ့ပြီး 'အရမ်းကောင်းတဲ့အသင်းပဲ။ ဒီအပြောင်းအရွှေ့က ခင်ဗျားအတွက် အရမ်းကောင်းတဲ့ခြေလှမ်းပဲ'လို့ ပြောခဲ့ပါတယ်။"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က