ရက်ရှ်ဖို့ဒ်က လူမှုကွန်ရက်ပေါ်မှာ ရှုံးနိမ့်မှုနဲ့ပတ်သက်ပြီး ပထမဆုံးထုတ်ဖော်ပြောကြားမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ တနင်္ဂနွေနေ့က လီဗာပူးလ်အသင်းကို အန်းဖီးမှာ ၇-၀ နဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့အပေါ်မှာ တိတ်ဆိတ်မှုကို ဖြိုခွဲခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ အန်းဖီးက ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်မှာ ပွဲထွက်ကစားပေးခဲ့ပေမယ့် ယာဂန် ကလော့ပ် အသင်းက ၇-၀ နဲ့ အလဲထိုးခံခဲ့ရတဲပွဲစဉ်အတွင်း အကျိုးသက်ရောက်မှု ပြသနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ပထမပိုင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်နေခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ အံ့အားသင့်စရာကောင်းလောက်အောင် ၆ ဂိုးအထိ ခွင့်ပြုပေးခဲ့ရတာဖြစ်ပြီး ဂက်ခ်ပို၊ ဆာလား၊ နူးညက်ဇ်နဲ့ ဖာမီနိုတို့အားလုံးဟာ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆိုးရွားတဲ့ရှုံးပွဲကြောင့် နည်းပြ အဲရစ် တန်ဟက်ဟာ ၎င်းရဲ့အသင်းကို မေးခွန်းထုတ်ခဲ့ပြီး မားကပ်စ် ရက်ရှ်ဖို့ဒ်က လူမှုကွန်ရက်ပေါ်မှာ ရှုံးနိမ့်မှုနဲ့ပတ်သက်ပြီး ပထမဆုံးထုတ်ဖော်ပြောကြားမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ "ကျွန်တော်တို့ ဒီနေ့ပွဲစဉ်မှာ အရာအားလုံးကို မှန်မှန်ကန်ကန် လုပ်နိုင်အောင် ကြိုးပမ်းနိုင်ဖို့ ကစားခဲ့နိုင်ရမှာလို့ ဆုတောင်းမိတယ်။ ရလဒ်က ရလဒ်ပါပဲ။ ကျွန်တော်တို့ အဲဒါကို ပြောင်းလဲလို့မရနိုင်ဘူး။ ကျွန်တော်တို့ အဲဒီရလဒ်ကို ကျွန်တော်တို့ရဲ့ ရာသီကို သတ်မှတ်ခွင့်ပေးလို့မရပါဘူး။ ကျွန်တော်တို့ လုပ်ငန်းစဉ်ကို ယုံကြည်ရမှာဖြစ်ပြီး အတူတကွ စည်းလုံးနေရမှာပါ"လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က