နော်ဝှစ်ချ်ကိုနိုင်ခဲ့ပေမယ့် ခြေစွမ်းကမကောင်းဘူးလို့ ပြောခဲ့တာပါ။

နော်ဝှစ်ချ်ကို အနိုင်ရခဲ့ပေမယ့် အဲဒီပုံစံအတိုင်း လီဗာပူးလ်နဲ့ပွဲကို ကစားမယ်ဆိုရင် ပက်ပက်စက်စက်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ယူနိုက်တက်အသင်းကို အီယန်ရိုက်က သတိပေးလိုက်ပါတယ်။ ယူနိုက်တက်ဟာ ရော်နယ်ဒိုရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးနှစ်ဂိုးပြန်ပေးခဲ့ရပြီး အနိုင်ရဖို့အသည်းအသန်အားထုတ်ခဲ့ရကာ ရော်နယ်ဒိုရဲ့ ဖရီးကစ်ဂိုးကြောင့်သာ အသက်ရှူချောင်ခဲ့တာဖြစ်ပါတယ်။ 

ဒီနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ ချန်ပီယံလိဂ်မျှော်လင့်ချက်ရှင်သန်လာခဲ့ပေမယ့် လီဗာပူးလ်၊ အာဆင်နယ်တို့နဲ့ အဝေးကွင်းပွဲတွေ ကစားဖို့ရှိနေပါသေးတယ်။ လီဗာပူးလ်ကတော့ အမှတ်ပေးဖလားအတွက် မန်စီးတီးနဲ့အပြိုင်ဖြစ်နေပြီး ပြိုင်ဘက်တွေကို ဆက်တိုက်အနိုင်ယူနေတဲ့အသင်းဖြစ်တာကြောင့် အီယန်ရိုက်က ယူနိုက်တက်ရဲ့ခြေစွမ်းကို သတိပေးခဲ့တာဖြစ်ပါတယ်။ 

"ရော်နယ်ဒိုသာ ယူနိုက်တက်မှာမရှိခဲ့ရင် သူတို့အခုရှိနေတဲ့ နေရာနဲ့အနီးမှာတောင် ရှိမှာမဟုတ်ဘူး၊ ဒါကြောင့်လဲ သူတို့က ရော်နယ်ဒိုကို မြင့်မားတဲ့ခံစားခွင့်တွေပေးပြီး ခေါ်ယူခဲ့တာပါ၊ သူက တကယ်အံ့အားသင့်စရာကောင်းပါတယ်၊ ဒီနေ့ ယူနိုက်တက်ကို နှစ်ဂိုးသွင်းခဲ့တာက ဇယားအောက်ခြေက နော်ဝှစ်ချ်ပါ၊ ယူနိုက်တက်က ဒီပုံစံအတိုင်း လီဗာပူးလ်ကို ရင်ဆိုင်မယ်ဆိုရင် သေချာပေါက်အရိုက်ခံရပါလိမ့်မယ်"

"မန်စီးတီး၊ လီဗာပူးလ်လိုအသင်းတွေနဲ့ ယူနိုက်တက်ကြားကွာခြားချက်က လူတိုင်းက တိုက်စစ်အတွက် အလုပ်လုပ်နေကြတဲ့အချက်ပါ၊ တိုက်စစ်ကစားသမားတွေရှိနေတာတောင်မှ သူတို့တသင်းလုံးက တိုက်စစ်အတွက် ကစားနေပြီး ဒါကို ကျနော်တို့ မြင်ရမှာပါ၊ ယူနိုက်တက်မှာ ခံစစ်ကိုမပါဝင်ဘဲ တိုက်စစ်ကိုလိုက်ကစားတာ ၆ ဦးပဲရှိပါတယ်၊ အန်ဖီးလ်မှာ သူတို့ ဒီလိုကစားလို့မရပါဘူး" လို့ အီယန်ရိုက်က ပြောဆိုသွားခဲ့ပါတယ်။ 


ပထမအကျော့ကလည်း ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာပဲ လီဗာပူးလ်ကို အရှက်တကွဲဂိုးပြတ်အရေးနိမ့်ထားခဲ့တာပါ။ 

Share

Loading Next Article...
က္က