အိမ်ကွင်းမှာ အနိုင်မရခဲ့တာကို မချင့်မရဲဖြစ်နေတာပါ။

လီဗာပူးလ်နဲ့ တဖက် ၂ ဂိုးစီ သရေကျခဲ့မှုဟာ ပြိုင်ဘက်အသင်းဆီကို အသက်တသက်ပေးလိုက်ရလိုဖြစ်ခဲ့တယ်လို့ မန်စီးတီးနည်းပြဂွာဒီယိုလာက ပွဲအပြီးမှာပြောဆိုလိုက်ပါတယ်။ ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ မန်စီးတီးကို ချန်ပီယံဆုဖလားအတွက် ဖိအားပေးနေမှုတွေကို ရပ်တန့်မှာမဟုတ်တော့ဘူးလို့လည်း သူက အသင်းသားတွေကို သတိပေးခဲ့ပြီး လက်ကျန် ၇ ပွဲအကျန်မှာ အားကုန်ထုတ်ဖို့လည်း တွန်းအားပေးလိုက်ပါတယ်။ 

ဒီဘရိုင်းနဲ့ ဂျီးဆပ်တို့ရဲ့ ဦးဆောင်ဂိုးတွေကို ဂျိုတာနဲ့ မာနေးတို့က ချေပခဲ့ကြပြီး အီတီဟတ်မှာ လီဗာပူးလ်က တမှတ်ခွဲယူနိုင်ခဲ့ပြီး ဒါဟာ သူတို့အတွက် ကောင်းမွန်တဲ့ ရလဒ်လို့ ဆိုရမှာပါ။ မန်စီးတီးကတော့ အိမ်ကွင်းမှာ အခွင့်အရေးမယူနိုင်ခဲ့ဘဲ အဖိုးတန်ရမှတ် ၂ မှတ်ကို ဆုံးရှုံးခဲ့ရပြီး ချန်ပီယံဆုအတွက်တော့ ဒီနှစ်သင်းရဲ့ ပြိုင်ဆိုင်မှုတွေကို ရာသီကုန်ထိ ကြည့်ရတော့မှာဖြစ်ပါတယ်။

ဂွာဒီယိုလာက "သူတို့အတွက် အသက်တသက်ပေးလိုက်သလိုပဲလို့ ကျနော်ခံစားရတယ်၊ ဒါပေမယ့် လီဗာပူးလ်ကစားတာကိုကြည့်ရတာကလည်း ကျေနပ်စရာပါ၊ သူတို့ဘယ်လောက်ထိကောင်းလဲ ကျနော်သိတယ်၊ ဒီအကြောင်းက ဘာသံသယမှဖြစ်စရာမရှိဘူး၊ ဒါပေမယ့် ကျနော့်အသင်းအတွက်လည်း ဂုဏ်ယူပါတယ်၊ သူတို့ကို တစက္ကန့်လေးတောင်ဝမ်းနည်းတာမျိုး ငါမလိုချင်ဘူလို့ ပြောခဲ့ပါတယ်"

"အခုတော့ တပွဲလောက်ရှုံးသွားရင် ရလဒ်မကောင်းခဲ့ရင် ကျနော်တို့ ချန်ပီယံမဖြစ်တော့ဘူးဆိုတာကို သိပါတယ်၊ အဲဒီလောက်ထိ လွယ်မလားလို့ မေးနိုင်ပါတယ်၊ မလွယ်ပါဘူး၊ သူတို့အတွက်လည်း ခက်ခဲနေဦးမျာပါ၊ ပရီးမိးယားလိဂ် ၇ ပွဲ အနိုင်ရဖို့ဆိုတာ မလွယ်ပါဘူး၊ သူတို့မှာလည်း ခက်ခဲတဲ့ပွဲတွေရှိနေပါသေးတယ်၊ ဘာတွေဖြစ်လာမလဲမသိပေမယ့် ရာသီကုန်ထိ အကောင်းဆုံးဖြတ်သန်းသွားဖို့ ကျနော်တို့အားထုတ်ရမှာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က