တော်တော်လေးစိတ်လှုပ်ရှားခဲ့တာလို့ ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နာမည်ကျော်ကစားသမားဟောင်း ပတ်ဂျီဆန်ဟာ ယူနိုက်တက်က ဒီရာသီအစောပိုင်းမှာ လီဗာပူးလ်ကို အနိုင်ရရှိခဲ့ပြီးနောက် သူ့ရဲ့ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ခဲ့ဘူးလို့ ဇနီးဖြစ်သူက ဖွင့်ဟလိုက်ပါတယ်။ ယူနိုက်တက်ဟာ အဖွင့်ပွဲနှစ်ပွဲစလုံးအရေးနိမ့်ခဲ့ပြီးနောက် လီဗာပူးလ်နဲ့ ကစားခဲ့ရတာဖြစ်ပြီး အဆိုပါပွဲကိုလည်း အနိုင်ရဖို့ ထင်ကြေးပေးခံရခြင်းမရှိခဲ့ပါဘူး။ 

ဒါပေမယ့် တကယ်ကစားချိန်မှာ ဆန်ချို၊ ရက်ရှ်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး လီဗာပူးလ်အတွက် မိုဟာမက်ဆာလာက ချေပဂိုးသွင်းပေးခဲ့ကာ ၂-၁ နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒီနိုင်ပွဲက ယူနိုက်တက်အတွက် ဒီရာသီပထမဆုံးနိုင်ပွဲဖြစ်ခဲ့ပြီး အဲဒီအချိန်ကစလို့ ပရီးမီယားလိဂ်မှာ ဆက်တိုက်အနိုင်ရရှိခဲ့ကာ အမှတ်ပေးဇယားထိပ်ပိုင်းကို ပြန်တက်လှမ်းလာနိုင်ခဲ့တာဖြစ်ပါတယ်။ 

လီဗာပူးလ်ကိုအနိုင်ရအပြီးမှာ ပတ်ဂျီဆန်က ဘယ်လိုဖြစ်ခဲ့လဲဆိုတာကို သူ့ရဲ့ဇနီးသည်က အခုလိုပဲ ပြောပြခဲ့ပါတယ်။ "ဓာတ်လှေကားထဲမှာ သူကလေးတွေကိုတောင်မှ ထားပစ်ခဲ့ပြီး ထွက်သွားတယ်၊ သူ ဒီလောက်စိတ်လှုပ်ရှားတာမျိုး တခါမှမမြင်ဖူးဘူး၊ ဒါနဲ့ ဘာဖြစ်တာလဲလို့ သူ့ကိုမေးတော့ သူက ငါတို့ (ယူနိုက်တက်) တကယ်အနိုင်ရခဲ့တာပဲဆိုပြီးတော့ ပြောခဲ့တယ်" လို့ ပတ်ဂျီဆန်ရဲ့ ဇနီးသည်က ဖွင့်ဟခဲ့ပါတယ်။ 

၂၀၁၈ ကမ္ဘာ့ဖလားတုန်းကလည်း တောင်ကိုရီးယားက ဂျာမနီကို အနိုင်ရခဲ့ရာမှာ နာကျင်အချိန်ပိုမှာ ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါအချိန်တုန်းကတောင်မှ ပတ်ဂျီဆန်က ဒီလောက်ထိ မဖြစ်ခဲ့ဘူးလို့လည်း သူ့ရဲ့ဇနီးကထပ်မံပြောဆိုခဲ့ပါတယ်။ ဒါဟာ ယူနိုက်တက်အပေါ်မှာ အသက် ၄၁ နှစ်အရွယ် ကစားသမားဟောင်းကြီးက ဘယ်လောက်ထိ သံယောဇဉ်ကြီးမားလဲဆိုတာကိုပါ သိစေခဲ့တဲ့ ဖြစ်ရပ်ဖြစ်လာခဲ့ပါတယ်။ 

Share

Loading Next Article...
က္က