အာဆင်နယ်အတွက်တော့ အရေးကြီးတဲ့ ပွဲစဉ်အဖြစ် အန်ဖီးလ်မှာ သွားကစားရမှာပါ။

အာဆင်နယ်ကစားသမားဟောင်းနဲ့ ဘောလုံးပွဲခန့်မှန်းသူ ပေါလ်မာဆွန်က ဒီတပတ်မှာကစားရမယ့် လစ်ဗာပူးလ်နဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို အနိုင်ရမယ်ဆိုရင် အာဆင်နယ်တို့ အမှတ်ပေးဖလားကို ရရှိပြီလို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် မာဆွန်က ဒီပွဲဟာ အာဆင်နယ်အတွက် ခက်ခဲလိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။ 

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ မန်ချက်စတာစီးတီးကို ၈ မှတ်ဖြတ်တောက်ထားပြီး လက်ကျန်ပွဲ ၁၀ ပွဲကစားဖို့ ကျန်နေသေးတာဖြစ်ပါတယ်။ မန်စီးတီးက အမီလိုက်ဖို့အတွက် အားထုတ်နေပေမယ့် အာဆင်နယ်ကလည်း အမှားအယွင်းမရှိနဲ့ ရှေ့ဆက်နေခဲ့ပြီး လာမယ့်ပွဲစဉ်တွေဟာ အာဆင်နယ်အတွက် အရေးပါတဲ့ ပွဲစဉ်တွေအဖြစ်ရှိနေပါတယ်။ 

ပေါလ်မာဆွန်က "ဒီပွဲကိုနိုင်ခဲ့မယ်ဆိုရင် အာဆင်နယ်ဖလားရပါပြီ။ သူတို့က ခြေစွမ်းပြနေတဲ့ နယူးကာဆယ်နဲ့ ကစားဖို့လည်းရှိနေသေးပေမယ့် လစ်ဗာပူးလ်ကိုသာ အနိုင်ရခဲ့မယ်ဆိုရင် နယူးကာဆယ်ကို မနိုင်လည်း ဘာမှမဖြစ်ပါဘူး၊ အာဆင်နယ်အတွက် ဒီပွဲက ခက်ခဲမှာပါ၊ အနိုင်ရမယ်ဆိုရင်လည်း ဆုဖလားအတွက် သေချာသွားပါပြီ" လို့ ပြောဆိုခဲ့ပါတယ်။ 

အာဆင်နယ်ဟာ လာမယ့် ၅ ပွဲမှာ လီဗာပူးလ်၊ ချယ်လ်ဆီး၊ မန်စီးတီးတို့နဲ့ ကစားရဖို့ပွဲတွေပါဝင်နေပြီး ဒါက ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးမယ့်ပွဲစဉ်တွေဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း ဆက်တိုက်နိုင်ပွဲတွေ ယူနေတဲ့ နယူးကာဆယ်လို ခြေစွမ်းထက်အသင်းနဲ့လည်း ကစားရမှာဖြစ်ပြီး စိန်ခေါ်မှုကတော့ ကြီးမားနေပါတယ်။ 

 လက်ရှိမှာတော့ အာတီတာရဲ့ အသင်းက အမှားအယွင်းမရှိဘဲ ရှေ့ဆက်နေပြီး ဆုဖလားအတွက် အကောင်းဆုံးအခြေအနေကို ပိုင်ဆိုင်နေပါတယ်။ မန်စီးတီးကလည်း ခြေချော်လို့မရတဲ့ အနေအထားဖြစ်နေပြီး အာဆင်နယ်ရဲ့ အမှားကို အခွင့်ကောင်းယူဖို့အတွက် စောင့်ဆိုင်းနေပါတယ်။ 

Share

Loading Next Article...
က္က