အိုးထရက်ဖို့ဒ်မှာ လီဗာပူးလ်ကို ၂-၁ နဲ့ အနိုင်ယူခဲ့ပြီး ဒီရာသီပထမဆုံးနိုင်ပွဲကို မန်ချက်စတာယူနိုက်တ်ကအသင်းက ရရှိသွားခဲ့ပါပြီ။ နည်းပြတန်ဟက်ဂျ်အတွက်လည်း ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲဖြစ်ခဲ့ပြီး လီဗာပူးလ်လိုအသင်းကို အနိုင်ရရှိခဲ့တာမို့လို့ အမှတ်တရဖြစ်စရာပွဲစဉ်လည်းဖြစ်လာခဲ့ပါတယ်။ ယူနိုက်တက်က ဆန်ချို၊ ရက်ရှ်ဖို့ဒ်တို့ရဲ့ ဂိုူးသွင်းခဲ့ပြီး လီဗာပူးလ်အတွက် ဆာလာက ပြန်ချေပခဲ့ပါတယ်။
အဖွင့်ပွဲ ၂ပွဲစလုံးကို နိုင်ပွဲမရသေးတဲ့ အသင်းနှစ်သင်းရင်ဆိုင်ခဲ့ရပြီး ယူနိုက်တက်က နှစ်ပွဲလုံးရှုံးထားလို့ ပိုပြီးဖိအားတွေရှိခဲ့ပါတယ်။ လီဗာပူးလ်က သူတို့ထက်ပိုကောင်းတဲ့အသင်းဖြစ်နေခဲ့တာကြောင့်လည်း ဒီပွဲမှာ ယူနိုက်တက်အရေးမလှလောက်ဘူးလို့ အားလုံးက ယူဆခဲ့ပေမယ့် တကယ်တမ်းကစားခဲ့ချိန်မှာတော့ တန်ဟက်ဂျ်ရဲ့အသင်းက သေချာစနစ်တကျကစားနိုင်ခဲ့ပြီး အိမ်ကွင်းမှာ ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့ကာ ပထမဆုံးနိုင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ တန်ဟက်ဂျ်က သူ့ရဲ့ကစားသမားတွေကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး "သူတို့တွေ သောက်ရမ်းကောင်းအောင် ကစားနိုင်တယ်" လို့ ပြောဆိုခဲ့တဲ့အထိပါပဲ။ သူ့အသင်းနဲ့ပတ်သက်ပြီး တန်ဟက်ဂျ်က "ကျနော်တို့ နည်းစနစ်ကြောင်းပြောနိုင်ပါတယ်၊ ဒါပေမယ့် အရာအားလုံးကတော့ သူတို့ရဲ့ ခံယူချက်ပါပဲ၊ ကွင်းထဲမှာ သူတို့အားလုံးဆီက ခံယူချက်နဲ့ စိတ်ဓာတ်ပိုင်းကို ခင်ဗျားတို့ တွေ့ခဲ့မှာပါ"
"'ဒါက ဆက်သွယ်မှု၊ တိုက်ပွဲဝင်စိတ်ဓာတ်၊ အထူးသဖြင့် အသင်းတသင်းအနေနဲ့ရှိခဲ့ပြီး သူတို့ ဘာတွေလုပ်နိုင်ခဲ့လဲဆိုတာတွေ့ခဲ့ကြမှာပါ၊ အဲဒါက ဘာလို့လဲဆိုရင်တော့ သူတို့တွေ ဘောလုံးကောင်းကောင်းကစားနိုင်ခဲ့ကြလို့ပဲ၊ ဘရန်ဖို့ဒ်နဲ့ပွဲကနဲ့ မတူတဲ့ ချဉ်းကပ်မှုမျိုးကို ကျနော်လုပ်ခဲ့တယ်၊ ဒါကြောင့်လည်း ကွင်းထဲမှာ သူတို့ ဒီအရာတွေကို သယ်လာနိုင်ခဲ့တာပါ၊ အဲဒါကြောင့် ကျေနပ်တယ်"
"စိတ်တည်ငြိမ်မှုရှိရင် ပိုပြီးကောင်းအောင်ကစားနိုင်ပါတယ်၊ ကျနော်တို့မှာ ကစားသမားကေငာ်းတွေရှိတယ်၊ ဒါပေမယ့် အခုတော့ အသင်းတသင်းဖြစ်နေပါပြီ၊ ဖာနန်ဒက်စ်က ဖာရန်းစ်နဲ့အတူ ခေါင်းဆောင်နိုင်မှုကို ပြသခဲ့ပါတယ်၊ သူတို့က ကြီးမားတဲ့ခြားနားချက်တွေကို ဖြစ်စေခဲ့တာပါ၊ ဒါပေမယ့် သူတို့ယူလာရမှာက အဲဒါပဲလေ၊ ကျနော်တို့ ခေါင်းဆောင်တွေပိုလိုအပ်ပါတယ်၊ အနိုင်ရတဲ့အသင်းတသင်းဖြစ်ချိန်မှာ ပိုလိုအပ်ပါတယ်၊ ဒီပွဲမှမဟုတ်ဘဲ ပွဲတိုင်းမှာ ဒီလိုပဲဖြစ်နေရမှာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။