နာပိုလီကို ဒီရာသီကမှ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

ဒီရာသီမှာ နာပိုလီကို ရောက်ရှိလာခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် လူငယ်တောင်ပံကစားသမား Khvicha Kvaratskhelia ဟာ ဩဂုတ်လအတွက် စီးရီးအေတလတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ Kvara လို့လည်း ခေါ်တဲ့ ဂျော်ဂျီယာသားဟာ နာပိုလီသမိုင်းမှာ စီးရီးအေအဖွင့် ၂ပွဲကို ၃ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူလည်းဖြစ်ပါတယ်။ 

အရပ် ၆ ပေအမြင့်ရှိတဲ့ Kvara ဟာ ရူဘင်ကာဇန်မှာ ကစားနေခဲ့ရာကနေ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုကြောင့် ဂျော်ဂျီယာကလပ် ဒိုင်နမိုဘာတူမီအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ အဆိုပါအသင်းမှာ ၁၁ ပွဲကစားပြီး ၈ ဂိုးသွင်းကာ ၂ကြိမ်ဖန်တီးပေးခဲ့ပြီးနောက် နာပိုလီက ယူရို ၁၀ သန်းဝန်းကျင်နဲ့ ခေါ်ယူခဲ့ရာမှာ စီးရီးအေကိုရောက်ရောက်ချင်းပဲ ခြေစွမ်းပြနေခဲ့သူဖြစ်ပါတယ်။ 



သူ့နာမည်ကို ခေါ်ဆိုရတာက ခက်ခဲတာကြောင့်လည်း Kvara က ပိုပြီးတော့ နာမည်ကြီးလာခဲ့ပါတယ်။ သူ ခြေစွမ်းပြချိန်မှာတော့ ပိုပြီးတော့ အာရုံစိုက်ခံခဲ့ရပြီး ဗီရိုနာနဲ့ပွဲမှာ တဂိုးသွင်း၊ တကြိမ်ဖန်တီး၊ မွန်ဇာနဲ့ပွဲမှာ ၂ဂိုးသွင်းယူနိုင်တဲ့အထိ တောက်ပခဲ့ပါတယ်။

လီဗာပူးလ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း သူ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း တကြိမ်ဖန်တီးပေးနိုင်ခဲ့ကာ ပြိုင်ဘက်ကစားသမားတွေကို ဖိအားပေးနိုင်ခဲ့ပြီး သူ့ကို ထိန်းချုပ်ရခက်စေခဲ့ပါတယ်။ 

အခုဆိုရင် စီးရီးအေကို စရောက်ပြီး ပထမဆုံးကစားခဲ့တဲ့လမှာပဲ တလတာအကောင်းဆုံးကစားသမားဆုကို သူက ဆွတ်ခူးခဲ့ပါပြီ။ မထင်မရှားကစားသမားဘ၀ကနေ လူသိများလာခဲ့ပြီဖြစ်ပြီး ဂျော်ဂျီယာအတွက်တော့ သူက ဘောလုံးကြယ်ပွင့်တဦးအဖြစ် ရပ်တည်နေပြီလည်းဖြစ်ပါတယ်။ နာပိုလီက သူ့ကို ၂၀၂၇ အထိ နှစ်ရှည်စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး အရည်အသွေးမြင့်လူငယ်ကစားသမားတဦးကို ပိုင်ဆိုင်ခဲ့ပြီလို့ ဆိုရတော့မှာပါ။ 


ကဗရာကတော့ ဂျော်ဂျီယာရဲ့ ရှားပါးကစားသမားကောင်းလို့ဆိုရမှာဖြစ်ပါတယ်။ ပြည်တွင်းလိဂ်တွေကတဆင့် ရုရှားကို သွားရောက်ကစားရင်းကနေ ယကရိန်းကျူးကျော်စစ်ဖြစ်ပွားခဲ့လို့ စာချုပ်ဖျက်သိမ်းပြီး ပြည်တွင်းမှာပြန်ကစားချိန်မှာ နာပိုလီက သူ့ကို

ခေါ်ယူခဲ့တာပါ။ ဂျော်ဂျီယာလူငယ်အသင်းတွေမှာ ကစားပြီး လက်ရွေးစင်အသင်းကြီးမှာပါ ရွေးချယ်ခံနေရပြီဖြစ်ကာ ခြေစွမ်းပြနေသူလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က