အသံတောင်မထွက်နိုင်တော့ဘူးဆိုတာမျိုး ဖြစ်သွားခဲ့ပါတယ်။

၁၉၅၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းမှာ ပေးဂိုးငါးဂိုးအထိ ယူနိုက်တက်တို့ပေးခဲ့ရပြီး အရှက်ရဖွယ်အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ 


လီဗာပူးလ်ကို အိမ်ကွင်းမှာ ခြေပြတ်ဂိုးပြတ်နဲ့အရေးနိမ့်ခဲ့ရတဲ့အပေါ်မှာ ရှက်ရွံ့မိတာကြောင့် လူမှုကွန်ရက်မှာ ဘာဆိုဘာမှမပြောနိုင်လောက်တဲ့အထိ ဖြစ်နေခဲ့ရတယ်လို့ ယူနိုက်တက်တိုက်စစ်မှူးရက်ရှ်ဖို့ဒ်က ပြောဆိုလိုက်ပါတယ်။ ၁၉၅၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းမှာ ပေးဂိုးငါးဂိုးအထိ ယူနိုက်တက်တို့ပေးခဲ့ရပြီး အရှက်ရဖွယ်အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ 



ဒီရှုံးပွဲအတွက် ယူနိုက်တက်ကစားသမားတွေက ပရိသတ်တွေကို ပြန်လည်တောင်းပန်မှုတွေပြုလုပ်ခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်ကတော့ အသံတိတ်နေခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ သူ အသံတိတ်နေရတဲ့အကြောင်းရင်းကို အင်္ဂလန်တိုက်စစ်မှူးကရှင်းပြခဲ့ပြီး ရှုံးပွဲအတွက် ဘယ်လောက်ထိခံစားခဲ့ရလဲဆိုတာကိုပါ အသိပေးခဲ့ပါတယ်။ 

"တနင်္ဂနွေနေ့ပွဲကစားပြီးတော့ ယူနိုက်တက်ပရိသတ်တစ်ဦးအနေနဲ့ ဘာပြောရမှန်းတောင် ကျွန်တော်မသိတော့ဘူး၊ ကျွန်တော်အရမ်းရှက်မိပါတယ်၊ အရမ်းရှက်မိတာပါ၊ ပရိသတ်တွေက ဒီရလဒ်နဲ့ မထိုက်တန်ပါဘူး၊ သူတို့က ကျွန်တော်တို့အတွက် အရေးကြီးပါတယ်၊ ကျွန်တော်တို့ အရှုံးတွေကနေ ပြန်ရုန်းထွက်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်" လို့ သူ့ရဲ့တွစ်တာမှာ ရက်ရှ်ဖို့ဒ်က ရေးသားခဲ့ပါတယ်။ 


ယူနိုက်တက်ကတော့ မနက်ဖြန်မှာ စပါးအသင်းနဲ့ အဝေးကွင်းပွဲစဉ်ကို ကစားသွားရမှာဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က အဆင့် ၇ နေရာကို ရောက်ရှိနေပြီး ထိပ်ပိုင်းအသင်းတွေနဲ့ အမှတ်ကွာဟချက်က ပိုမိုကြီးမားလာခဲ့ကာ စပါးနဲ့ပွဲကိုပါ ထပ်မံအရေးနိမ့်ခဲ့မယ်ဆိုရင်တော့ သူတို့ရဲ့ အခြေအနေက ပိုမိုဆိုးရွားလာမှာဖြစ်ပြီး နည်းပြဆိုးလ်ရှားရဲ့ အနာဂတ်ကလည်း ပိုမိုလှုပ်ခတ်လာဖွယ်ရှိနေပါတယ်။

Share

က္က