တပတ်လုပ်ခပေါင် နှစ်သိန်းခြောက်သောင်းကျော်အထိ ရရှိမှာပါ။

ဘိုင်ယန်မြူးနစ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ ဆာဒိယိုမာနေးဟာ သူ့ရဲ့အသင်းသစ်မှာ လစာငွေတပတ်ကို ပေါင် ၂၆၄၀၀၀ အထိ ရရှိမယ်လို့ သိရပါတယ်။ ဒါဟာ လီဗာပူးလ်မှာ တပတ်လုပ်ခ ပေါင် တသိန်း သာရရှိနေတဲ့ လုပ်ခထက် ၂ဆခွဲကျော် ပိုမိုများပြားနေတာဖြစ်ပြီး မြင့်မားတဲ့ ခံစားခွင့်လည်းဖြစ်ပါတယ်။ 

မာနေးဟာ လီဗာပူးလ်ကို စတင်ရောက်ရှိချိန်ကစပြီး အားထားရတဲ့ အမာခံကစားသမားအဖြစ်ရှိနေခဲ့ပေမယ့်လည်း လစာငွေအားဖြင့် တပတ်လုပ်ခ ပေါင်တသိန်းသာရရှိခဲ့တယ်လို့ ထွက်ပေါ်လာတဲ့ စာရွက်စာတမ်းတွေအရသိရပါတယ်။ အဆိုပါပမာဏဟာ အရန်ကစားသမားတွေဖြစ်တဲ့ ချန်ဘာလိန်၊ မီလ်နာတို့ထက်တောင်မှ ပိုမိုနည်းပါးနေခဲ့တာဖြစ်ပါတယ်။ 

လီဗာပူးလ်ကနေ မာနေးထွက်ခွာရတဲ့ အကြောင်းရင်းတွေထဲမှာ လစာငွေနည်းပါးမှုကလည်း အဓိကအချက်တခုအဖြစ် ပါဝင်နေခဲ့တာပါ။ ပုံမှန်ကစားပေးနေရပြီး အကျိုးအပြုနိုင်ဆုံးကစားသမားတွေထဲမှာလည်း ထိပ်ဆုံးနားကနေ ပါဝင်ခဲ့ပေမယ့် မာနေးရဲ့ လစာငွေပမာဏက ဒီလောက်ထိနည်းပါးနေခဲ့တဲ့အပေါ်မှာ ပရိသတ်တွေကလည်း အံ့အားသင့်ခဲ့ရပါတယ်။ 

မာနေးကတော့ ဘိုင်ယန်မြူးနစ်နဲ့အတူ မနက်ဖြန်မှာ ဆေးစစ်မှုတွေပြုလုပ်သွားဖွယ်ရှိနေပါတယ်။ အပြောင်းအရွှေ့အတွက် နှစ်ဖက်အသင်းက သဘောတူညီထားပြီးဖြစ်လို့ အပြီးသတ်ဆောင်ရွက်ဖို့သာ ကျန်ရှိတော့တာဖြစ်ပါတယ်။ ဆီနီဂေါတိုက်စစ်မှူးအတွက်တော့ လစာငွေပိုမိုခံစားရမှုနဲ့အတူ သူ့ရဲ့ မွေးရပ်မြေက လူတွေကို ကူညီပေးနေမှုတွေမှာ ပိုမိုပြီးတော့ လုပ်ဆောင်ပေးနိုင်တော့မှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က