လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက အန်းဖီးမှာ ကစားရမှာက လီဗာပူးလ်အသင်းအနေနဲ့ အာဆင်နယ်ကို အနိုင်ယူနိုင်မယ့် အဓိကအချက်ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
ဂန်းနားတွေဟာ ယခုရာသီရဲ့ အရေးအကြီးဆုံးပွဲစဉ်အဖြစ် မာဆေးဆိုဒ်ကို လာရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာတီတာရဲ့အသင်းက စနေနေ့က ဆောက်သမ်တန်ကို အနိုင်ရခဲ့တဲ့ မန်စီးတီးကို ၈ မှတ်ပြန်ဖြတ်နိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်ဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်းကတည်းက အန်းဖီးမှာ အနိုင်မရတော့တာဖြစ်ပြီး လီဗာပူးလ်နဲ့ ဂန်းနားတွေကြားမှာ ရမှတ် ၂၉ မှတ်အထိ ကွာဟနေပေမယ့်လည်း ကလော့ပ်ရဲ့အသင်းဟာ နောက်ဆုံးအိမ်ကွင်းပွဲစဉ်ဖြစ်တဲ့ မန်ယူနိုက်တက်နဲ့ပွဲစဉ်မှာ ၇-၀ နဲ့ အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
ကာရေဂါက ဒီညနေပွဲစဉ်ဟာ အာဆင်နယ်အသင်းက လူငယ်ကစားသမားတွေအတွက် ကြီးမားတဲ့ စမ်းသပ်မှုဖြစ်လာမှာဖြစ်တယ်လို့ ယုံကြည်နေပြီး လီဗာပူးလ်အသင်းက အနိုင်ရရှိသွားလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“လီဗာပူးလ်က အနိုင်ရသွားမယ်လို့ ကျွန်တော်ထင်တယ်။ အန်းဖီးမှာ ကစားရမှာကြောင့်ပါ။ တကယ်လို့ ဒီပွဲကို တခြားနေရာမှာ ကျင်းပခဲ့ရင် အာဆင်နယ် အိမ်ကွင်း ဒါမှမဟုတ် ကြားကွင်းမှာ ကစားမယ်ဆိုရင် အာဆင်နယ်က အနိုင်ရဖို့ ရေပန်းအစားဆုံးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ခင်ဗျား ဒီရာသီ လီဗာပူးလ်ကို ကြည့်လိုက်ရင် ပြီးခဲ့တဲ့ နောက်ဆုံး ၂ ပွဲဖြစ်တဲ့ စီးတီးနဲ့ ချဲလ်ဆီးတို့နဲ့ ပွဲတွေမှာ ဆိုးရွားတဲ့ စွမ်းဆောင်ရည်အချို့ကို တွေ့ခဲ့မှာပါ။ သူတို့တွေက ဒီမှာကစားတဲ့အခါမှာတော့ လုံးဝကို မတူညီတဲ့အသင်းပါ။ အဲဒါက ကျွန်တော် ဂုဏ်ဆာပြီး ပြောတာမဟုတ်ပါဘူး"
"အသင်းတစ်သင်းကို ဆုံးဖြတ်တဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအရ သူတို့ ဘယ်လောက်အထိ ကောင်းလဲဆိုတာ ကျွန်တော် သူတို့ရဲ့ အဝေးကွင်းခြေစွမ်းကို ကြည့်ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ် ဒါမှမဟုတ် ၆ နှစ်အတွင်းမှာ ဒီလီဗာပူးလ်အသင်းကို အဲဒါနဲ့ ဆုံးဖြတ်လို့မရပါဘူး။ ဒါပေမယ့် အာဆင်နယ်က ဒီရာသီ လိဂ်မှာ အဝေးကွင်းခြေစွမ်းအကောင်းဆုံးအသင်းဆိုပေမယ့်လည်း ကျွန်တော် ဘယ်တုန်းကမှ အန်းဖီးမှာ လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ကစားမှာမဟုတ်ပါဘူး။ ပရိသတ်အားကလည်း အချက်တစ်ချက်အဖြစ်ရှိနေပြီး အာဆင်နယ်အသင်းမှာလည်း အရမ်းငယ်ရွယ်သေးတဲ့ကစားသမားတွေ ရှိပါတယ်။ သူတို့တွေ နောက်ကနေ လိုက်ကစားရမယ်ဆိုရင် ဘယ်လို ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ မန်ချက်စတာယူနိုက်တက်က ဒီရာသီ လိဂ်မှာ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး အန်းဖီးမှာ ၇-၀ နဲ့ ရှုံးနိမ့်ခဲ့တယ်။ ဒီနေရာက အသင်းတွေကို ထူးဆန်းတာတွေဖြစ်အောင် လုပ်နိုင်တယ်”လို့ ပြောကြားခဲ့ပါတယ်။