အစောတုန်းကတော့ ပါဝင်ကစားနိုင်ဖို့ ယူနိုက်တက်က မျှော်လင့်ထားတာပါ။

ယူနိုက်တက်က ခေါ်ယူဖို့ သေချာသလောက်ဖြစ်သွားခဲ့တဲ့ ရီးရဲလ်ကွင်းလယ်လူကက်စ်မဲရိုးဟာ ဗီဇာနဲ့ အလုပ်ပါမစ်ကိစ္စတွေကြောင့် လီဗာပူးလ်နဲ့ပွဲကို ပါဝင်နိုင်ဖွယ်မရှိဘူးလို့ Sky Sports က ဖော်ပြခဲ့ပါတယ်။ အစောပိုင်းသတင်းတွေအရ ဘရာဇီးလ်ကွင်းလယ်လူကို လီဗာပူးလ်နဲ့ပွဲမှာ ချက်ချင်းကစားခိုင်းဖို့ ယူနိုက်တက်က မျှော်လင့်ထားပြီး အပြောင်းအရွှေ့ကိစ္စအမြန်ဆုံးပြီးပြတ်အောင်လည်း လုပ်ဆောင်နေတယ်လို့ သတင်းတွေထွက်နေတာပါ။ 

ပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲစလုံးကို အရေးနိမ့်ထားတဲ့ယူနိုက်တက်က လီဗာပူးလ်နဲ့ပွဲမှာ အကောင်းဆုံးကစားနိုင်ဖို့အတွက် ကက်စ်မဲရိုးကို အလောတကြီးကစားစေချင်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ပွဲချိန်နီးကပ်လာပြီး ကက်စ်မဲရိုးအတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကလည်း များပြားတာကြောင့် သူတို့ထင်သလိုဖြစ်မလာခဲ့ဘူးလို့ Sky Sports က ဆိုပါတယ်။ 

ယူနိုက်တက်ပရိသတ်တွေကတော့ ကက်စ်မဲရိုးမပါဝင်နိုင်လို့ လီဗာပူးလ်တို့ ကံကောင်းသွားပြီလို့ နောက်ပြောင်နေကြပါတယ်။ ဒီပွဲကို လီဗာပူးလ်တိုက်စစ်မှူးဒါဝင်နူနက်ဇ်လွဲချော်မှာဖြစ်ပြီး အန်ဖီးလ်ကလပ်ကလည်း အဖွင့်ပွဲနှစ်ပွဲစလုံးသရေကျထားကာ နိုင်ပွဲပျောက်နေလို့ မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်နေပြီး အကြိတ်အနယ်ရှိလာမယ့် ပွဲကောင်းတပွဲကို မြင်တွေ့ရဖို့ရှိနေပါတယ်။ 

ယူနိုက်တက်က ကက်စ်မဲရိုးကို ယူရိုသန်း ၆၀ နဲ့ အပိုဆုကြေး ယူရို၁၀သန်းပေးချေကာ ကမ်းလှမ်းထားတာဖြစ်ပါတယ်။ လစာငွေ ၂ ဆအထိ တိုးမြှင့်ပေးမယ်ဆိုတဲ့ ဆွဲဆောင်မှုပါဝင်သလို ၄ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး နောက်ထပ်တနှစ်သက်တမ်းတိုးခွင့်လည်းပါဝင်မယ်လို့ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားပါတယ်။ 

Share

Loading Next Article...
က္က