နောက်ဆုံးအချိန်ထိ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။

အသက် ၂၇ နှစ်အရွယ် ပေါ်တူဂီကွငး်လယ်လူဟာ အတ္တလန္တာနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာလို့ သိရပြီး သူ့ရဲ့အနေအထားက မသေမချာဖြစ်နေတယ်လို့ ဆိုးလ်ရှားကဆိုပါတယ်။


မနက်ဖြန်မှာ လီဗာပူးလ်နဲ့ကစားရမယ့်ပွဲကို အားထားရတဲ့ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ပါဝင်ကစားပေးနိုင်ဖို့ မသေမချာဖြစ်နေကြောင်း ယူနိုက်တက်နည်းပြဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားရမယ့်ပွဲဖြစ်ပြီး ဆိုးလ်ရှားအတွက် အရေးပါတဲ့ ပွဲစဉ်ဖြစ်နေကာ လိဂ်ရှုံးပွဲမရှိသေးတဲ့ လီဗာပူးလ်ကို အနိုင်ရရှိထားမှသာ ထိပ်ပိုင်းအသင်းတွေနဲ့ အမှတ်ကွာဟချက်ကျဉ်းမြောင်းနေမှာလည်းဖြစ်ပါတယ်။ 



အသက် ၂၇ နှစ်အရွယ် ပေါ်တူဂီကွငး်လယ်လူဟာ အတ္တလန္တာနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာလို့ သိရပြီး သူ့ရဲ့အနေအထားက မသေမချာဖြစ်နေတယ်လို့ ဆိုးလ်ရှားကဆိုပါတယ်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက ပြောဆိုခဲ့တာဖြစ်ပြီး တကယ်လို့သာ ဖာနန်ဒက်စ်မပါဝင်နိုင်ခဲ့ဘူးဆိုရင်တော့ ပေါ့ဂ်ဘာက ကွင်းလယ်ကို ဦးဆောင်ရဖွယ်ရှိနေကာ လီဗာပူးလ်ကွင်းလယ်ကို ယှဉ်ပြိုင်နိုင်ပါ့မလားဆိုတာက သံသယဖြစ်စရာရှိနေပါတယ်။ 


ဆိုးလ်ရှားက "သောကြာနေ့ပဲရှိပါသေးတယ်၊ ပွဲက တနင်္ဂနွေနေ့ကပါ၊ တစ်သင်းလုံး အသင့်အနေအထားဖြစ်လာနိုင်ပါသေးတယ်၊ ကစားသမား ၂ဦး၊ ၃ ဦးလောက်လည်း ကစားနိုင်ခြေမရှိပါဘူး၊ ဒီနေ့လေ့ကျင့်ရေးကို ကစားသမားတိုင်း မလုပ်နိုင်ခဲ့ပါဘူး၊ ဗုဒ္ဓဟူုးနေ့ညကပွဲလို ကစားတာမျိုးက အမြဲလိုလို ဒဏ်ရာပြသနာပြသနာတွေကို ယူဆောင်လာနိုင်ပါတယ်"

"ကစားသမားတိုင်းအတွက် အချိန်တော့ရှိပါသေးတယ်၊ ကြံ့့ခိုင်မှုအပြည့်အဝရှိတဲ့ အသင်းကနေ ကစားသမားရွေးချယ်နိုင်ဖို့ကို ကျွန်တော်မျှော်လင့်ထားပါတယ်၊ ဘရူနိုဖာနန်ဒက်စ်အနေအထားကလည်း သံသယဖြစ်စရာရှိနေပါတယ်၊ ဒါပေမယ့်လည်း သူသာ အသင့်ဖြစ်နေမယ်ဆိုရင် ဘာမဆိုလုပ်နိုင်ပါတယ်" လို့ ဆိုးလ်ရှားက ပြောဆိုသွားခဲ့ပါတယ်။ 


ဖာနန်ဒက်စ်ကတော့ ဒီရာသီမှာ ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ၄ ဂိုးသွင်းယူပေးထားကာ ၂ ကြိမ်ဖန်တီးပေးထားသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ရာသီမှာ ယူနိုက်တက်ရဲ့ အကောင်းဆုံးကစားသမားလည်းဖြစ်ခဲ့ပြီး ဆိုးလ်ရှားရဲ့ အားအကိုးရဆုံးကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က