ဒီရာသီမှာ ကိန်းက သွင်းဂိုးတဂိုးတည်းသာရရှိထားပြီး ဝေဖန်ခံနေရတာပါ။

စပါးအသင်းရဲ့ ကြယ်ပွင့်တိုက်စစ်ကစားသမားဆွန်ဟောင်မင်က ပရီးမီးယားလိဂ်မှာ ဆိုးဆိုးရွားရွားဂိုးပေါက်ပျောက်နေတဲ့ တိုက်စစ်မှူးဟယ်ရီကိန်းဟာ လီဗာပူးလ်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီရာသီပရီးမီးယားလိဂ်မှာ ဟယ်ရီကိန်းက သွင်းဂိုးတဂိုးတည်းသာ ရရှိထားသေးတာဖြစ်ပြီး စပါးကစားသမားဘ၀ အဆိုးရွားဆုံး ဂိုးမိုးခေါင်မှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ 



ပြီးခဲ့တဲ့ရာသီက လက်ရှိကစားထားတဲ့ ပွဲအရေအတွက်မှာ ကိန်းက ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ တန်းဆင်းဇုန်ထဲရောက်နေတဲ့ နယူးကာဆယ်နဲ့ပွဲမှာသာ တဂိုးတည်းသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆွန်ဟောင်မင်က သူ့အနေနဲ့ အသင်းဖော်တိုက်စစ်မှူးကို ယုံကြည်ထားပြီး သူနဲ့အသင်းဖော်တွေက ကိန်းအပေါ် အပြစ်တင်နေမှုတွေကို မျှဝေခံယူရမယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။ 

"ဒါက ကျနော်နဲ့ ဟယ်ရီတို့ရဲ့ ပြသနာပဲမဟုတ်ဘူး၊ အရမ်းအရေးကြီးပါတယ်၊ သူ့အတွက် ကျနော်တို့အားလုံး အခွင့်အလမ်းတွေ ကောင်းကောင်းဖန်တီးပေးနိုင်ဖို့က အရေးကြီးပါတယ်၊ ဒါတွေအားလုံးက သူ့တယောက်တည်းရဲ့ အမှားတွေလည်းမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ အသင်းတသင်းအနေနဲ့ ကျနော်တို့အားလုံးက သူ့ကို အခွင့်အလမ်းတွေ ပိုရလာအောင် ဖန်တီးပေးနိုင်ရမှာပါ"

"နည်းပြကလည်း ဒါကို လုပ်နေပါတယ်၊ ကျွန်တော်တို့လည်း ကစားသမားတွေအနေနဲ့ အားထုတ်နေပါတယ်၊ တိုက်စစ်မှူးတဦး ဂိုးမသွင်းယူနိုင်ချိန်မှာ အသင်းတခုလုံးက သူ့အတွက် အခွင့်အရေးတွေဖန်တီးပေးသင့်တယ်လို့ ခံစားရပါတယ်၊ ဟယ်ရီအပေါ်မှာ ကျနော်အမြဲတမ်းယုံကြည်ပါတယ်၊ သူက ပွဲတပွဲရဲ့ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် နေရာစုံကနေ ဂိုးသွင်းနိုင်သူပါ"

"လီဗာပူးလ်ကတော့ အလန်းစားခြေစွမ်းတွေကို ပြသနေတာပါ၊ ဘောလုံးပရိသတ်တဦးအနေနဲ့ဆိုရင် သူတို့ကစားတာကို ကြည့်ရတာ ပျော်ရွှင်စရာပါပဲ၊ အိမ်ကွင်းကစားရမှာဖြစ်လို့ ဒီပွဲကို အနိုင်ရဖို့အတွက် အခွင့်အရေးကောင်းပါပဲ၊ ကစားသမားတွေကလည်း ကြံ့ခိုင်နေပြီး လန်းဆန်းတက်ကြွနေပါတယ်၊ ပွဲကောင်းတပွဲကို လီဗာပူးလ်ပိုင်ဆိုင်မှာပါ" လို့ ဆွန်ဟောင်မင်က ပြောဆိုခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က