၆ ကြိမ်သာ ဘောလုံးပေးပို့ခဲ့ရာမှာ ၂ကြိမ်သာအောင်မြင်ခဲ့တာပါ။

အန်ဖီးလ်မှာကစားခဲ့တဲ့ မာဆေးဆိုက်ဒါဘီပွဲမှာတော့ လီဗာပူးလ်က ၂-၀ နဲ့ အနိုင်ရခဲ့ပြီး မန်စီးတီးကို ဖိအားတွေပေးနေဆဲဖြစ်သလို ဆုဖလား ၄ လုံးမျှော်လင့်ချက်ကို အသက်သွင်းနိုင်ဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း လမ်းပတ်ရဲ့ အဲဗာတန်ကတော့ တန်းဆင်းဇုန်ထဲကို ရောက်သွားခဲ့ပြီဖြစ်ကာ လက်ကျန်ပွဲတွေအခြေအနေကောင်းမှ ပရီးမီးယားလိဂ်မှာ တင်ကျန်တော့မှာဖြစ်ပါတယ်။ 

ဒီပွဲမှာတော့ အဲဗာတန်ဟာ ဘောလုံးပိုင်ဆိုင်မှု ၁၇.၂၅ သာရှိခဲ့ပြီး စုစုပေါင်းမှ ဘောလုံးပေးပို့မှု ၉၃% သာ ရှိခဲ့လို့ ၇၀၀ ကြိမ်အထိ အောင်မြင်ခဲ့တဲ့ လီဗာပူးလ်နဲ့ နှိုင်းယှဉ်ရင် အဆမတန်ကွာဟနေခဲ့ပါတယ်။ သီယာဂိုအယ်လ်ကန်တာရာတဦးတည်းက ဘောလုံးပေးပို့မှုပေါင်း ၁၂၀ ကြိမ်အထိ အောင်မြင်ခဲ့ကာ အဲဗာတန်ကစားသမားအားလုံးပေါင်းထက်တောင် ၂၆ ကြိမ်အထိ ပိုများခဲ့ပါတယ်။ 

အဆိုးရွားဆုံးကတော့ အဲဗာတန်ကွင်းလယ်လူအယ်လန်ဖြစ်ပြီး ပွဲကစားချိန် ၇၃ မိနစ်အတွင်းမှာ ဘောလုံးပေးပို့မှု ၆ ကြိမ်သာပြုလုပ်နိုင်ခဲ့ပြီး ၂ ကြိမ်သာ အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါနှစ်ကြိမ်ကလည်း ပထမပိုင်းနဲ့ ဒုတိယပိုင်း စပေးဘောတွေပေးခဲ့တာစြ်ပြီး ဆိုးဆိုးရွားရွားကို ခြေစွမ်းယိုယွင်းခဲ့တဲ့ ဘရာဇီးလ်ကစားသမားကို မြင်တွေ့ခဲ့ရပါတယ်။ 

ပွဲအပြီးမှာတော့ နည်းပြလမ်းပတ်က သူတို့အသင်းရရှိသင့်တဲ့ ပင်နယ်တီမရရှိခဲ့တာကို ပြစ်တင်ပြောဆိုခဲ့ပြီး အဆိုပါပင်နယ်တီသာရရှိခဲ့မယ်ဆိုရင် အန်ဖီးလ်မှာ သူတို့တခုခုလုပ်ပြနိုင်ခဲ့လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဗာတန်ဟာ ဘန်လေထက် တပွဲလျော့ကစားထားပြီး ၃ မှတ်ကွာဟနေတာဖြစ်ပြီး လက်ကျန်ပွဲတွေအဖြစ် ချယ်လ်ဆီး၊ လက်စတာ၊ အာဆင်နယ်တို့အပါအဝင် ဝက်ဖို့ဒ်၊ ဘရန်ဖို့ဒ်၊ ပဲလေ့စ်တို့နဲ့ ကစားရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က