လူငယ်အသင်းမှာ ခြေစွမ်းပြနေတာပါ။

သူဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ယူနိုက်တက်နဲ့ တရားဝင်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်းဝိန်းရွန်နီရဲ့သားဖြစ်သူ ကိုင်ရွန်နီကတော့ ယူနို်က်တက်လူငယ်အသင်းမှာ ကစားနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ လီဗာပူးလ် ယူ-၁၂ အသင်းနဲ့ပွဲစဉ်မှာတော့ သူတစ်ဦးတည်းက အသင်းအတွက် လေးဂိုးအထိသွင်းယူပေးခဲ့ကာ ခြေစွမ်းပြသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း အဆိုပါပွဲမှာတော့ ယူနိုက်တက် ယူ-၁၂ က ၅-၄ နဲ့ အရေးနိမ့်ခဲ့လို့ ကိုင်ရွန်နီတစ်ယောက် စိတ်ပျက်ခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ သူ့ရဲ့လူမှုကွန်ရက်ကတဆင့် ကိုင်ရွန်နီက "ဒီနေ့ပွဲကတော့ ၅-၄ နဲ့ လီဗာပူးလ်ကို ရှုံးတယ်၊ ဂိုးအားလုံးကို ငါသွင်းခဲ့တယ်" လို့ ရေးသားခဲ့ကာ ဓာတ်ပုံနဲ့ဖော်ပြခဲ့တာဖြစ်ပါတယ်။ 


ယူနိုက်တက်အကယ်ဒမီရဲ့ အလားအလာရှိတဲ့ ကစားသမားတစ်ဦးအဖြစ် ကိုင်ရွန်နီကို သတ်မှတ်နေကြပြီဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ယူနိုက်တက်နဲ့ တရားဝင်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ကျောနံပါတ် ၁၀ ကိုပဲ ဝတ်ဆင်ပြိး နာမည်ကိုတော့ ရွန်နီလို့ပဲ ရေးထိုးထားကာ ဖခင်ဖြစ်သူရဲ့ ခြေရာကို အပြည့်အဝလိုက်နင်းနိုင်မယ်လို့ ယူဆရတဲ့ အရည်အသွေးတွေကို ပြသနေတာလည်းဖြစ်ပါတယ်။ 

သူဟာ ရွန်နီရဲ့ သားအကြီးဆုံးဖြစ်ပြီး လက်ရှိမှာ အသက် ၁၁ နှစ််အရွယ်ရှိနေပြီဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ရွန်နီကတော့ ယူနိုက်တက်မှာ ၁၃နှစ်ကြာ ကစားခဲ့ပြီး အသင်းရဲ့ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်ပါတယ်။ သားဖြစ်သူကို စာချုပ်ချုပ်ခဲ့စဉ်က "ဂုဏ်ယူစရာနေ့ပါပဲ၊ ကြိုးစားပါ ငါ့သားရေ" လို့ ရွန်နီက သားဖြစ်သူ စာချုပ်ချုပ်ဆိုနေပုံနဲ့အတူ ရေးသားဖော်ပြခဲ့ပါသေးတယ်။ 

Share

က္က