လီဗာပူးလ်ကတော့ ကျဉ်းထဲကျပ်ထဲရောက်နေခဲ့ပါပြီ။

ဘာစီလိုနာကတော့ မိုဟာမက်ဆာလာကို လီဗာပူးလ်နဲ့ စာချုပ်သစ်ကုန်ဆုံးချိန်မှာ သူတို့အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမယ်လို့ ကတိပေးလိုက်ကြောင်း သိရပါတယ်။ အီဂျစ်တိုက်စစ်မှူးဟာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်အတွက် သဘောတူညီမှုမရရှိသေးဘဲ ရှိနေကာ ညှိနှိုင်းနေရဆဲဖြစ်ပါတယ်။ 

လက်ရှိမှာ ဘာစီလိုနာက Spotify နဲ့ ပေါင် ၂၃၅ သန်းတန်ကြေးရှိတဲ့ စာချုပ်ကို ချုပ်ဆိုနိုင်တော့မှာဖြစ်ပြီး အဓိကဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့ သူတို့ရဲ့ အသင်းလူစာရင်းကို အင်အားမြှင့်တင်နိုင်တော့မှာဖြစ်ပါတယ်။ Mirror ရဲ့ ဖော်ပြချက်အရဆိုရင် နောက်နှစ်နွေရာသီမှာ ဆာလာကို သူတို့အသင်းဆီ ခေါ်ယူဖို့အတွက် ဘာကာက ကြိုတင်ကတိပေးထားတာလို့ သိရပါတယ်။ 

အသက် ၂၉ နှစ်အရွယ် ဆာလာက ပြီးခဲ့တဲ့လအနည်းငယ်တုန်းက လီဗာပူးလ်နဲ့ စာချုပ်သစ်ချုပ်နိုင်တော့မယ်လို့ သူ့သူငယ်ချင်းတွေကို ပြောဆိုခဲ့ပေမယ့် အခုလိုနှောင့်နှေးနေရတဲ့ အကြောင်းရင်ဟးဟာ ဘာစီလိုနာကြောင့်ဖြစ်တယ်လို့လည်း Mirror ရဲ့ ရေးသားမှုထဲမှာ ပါဝင်ခဲ့ပါတယ်။ 

လီဗာပူးလ်ဘက်ကလည်း ဆာလာကို အဆုံးရှုံးခံမှာလား၊ ကစားသမားတောင်းဆိုတဲ့ လစာငွေကို ပေးချေမှာလားဆိုတာကို ဆုံးဖြတ်ရတော့မှာပါ။ ယာဂင်ကလော့ပ်ဟာ ဆာလာနဲ့အတူ မာနေးကိုပါ လက်လွှတ်ခံရနိုင်တဲ့အဖြစ်နဲ့ ရင်ဆိုင်နေရပြီး မာနေးကလည်း အသင်းကထွက်ခွာချင်တယ်လို့ ဒီတပတ်ထဲမှာပဲ ပြောဆိုထားပြီးဖြစ်ပါတယ်။ 

အခုအခါ ဘာစီလိုနာကပါ ဆာလာအတွက် ကတိပေးမှုတွေလုပ်လိုက်တာကြောင့် တကယ်လို့ ဆာလာဆက်ရှိနေမယ်ဆိုရင်တောင် တရာသီပဲ ရှိနေတော့မှာဖြစ်ပြီး လာမယ့်ဘောလုံးရာသီအပြီးမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာခွင့်ပြုရတော့မှာဖြစ်ပါတယ်။ 

Share

က္က