ယူနိုက်တက်နဲ့ပွဲမှာ လီဗာပူးလ်နိုင်မယ်လို့ ခန့်မှန်းလိုက်တာပါ။

ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်ကို အိုဝင်က အထူးသုံးသပ်ချက်တွေနဲ့ ခန့်မှန်းထားခဲ့ပြီး ချယ်လ်ဆီး၊ မန်စီးတီးတို့ အနိုင်ရမယ်လို့ သုံးသပ်ထားကာ အိုးထရက်ဖို့ဒ်က ပွဲမှာတော့ လီဗာပူးလ်အနိုင်ရမယ်လို့ ဆိုပါတယ်။ 


ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ မိုက်ကယ်အိုဝင်ရဲ့ ဒီတပတ်ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွက် သုံးသပ်ချက်ကတော့ ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒီတပတ်ရဲ့ အကောင်းဆုံးပွဲဖြစ်တဲ့ ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်ကို အိုဝင်က အထူးသုံးသပ်ချက်တွေနဲ့ ခန့်မှန်းထားခဲ့ပြီး ချယ်လ်ဆီး၊ မန်စီးတီးတို့ အနိုင်ရမယ်လို့ သုံးသပ်ထားကာ အိုးထရက်ဖို့ဒ်က ပွဲမှာတော့ လီဗာပူးလ်အနိုင်ရမယ်လို့ ဆိုပါတယ်။ 



သူ့ရဲ့အသင်းဟောင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုမှာတော့ အိုဝင်က "ဒီပွဲကို ကျွန်တော်မစောင့်နိုင်တော့ဘူး၊ ယူနိုက်တက်က ပြီးခဲ့တဲ့အပတ်မှာ လက်စတာကို စိတ်ပျက်ဖွယ်ရာရှုံးနိမ့်ခဲ့ပါတယ်၊ အခွင့်အရေးတချို့ဖန်တိးနိုင်ခဲ့ပေမယ့် ခံစစ်ပိုင်းက ဂိုးတွေလွယ်လွယ်ပေး၊ အခွင့်အရေးတွေ လွယ်လွယ်ပေးခဲ့ပြီးတော့ လက်စတာကို အနိုင်ရစေခဲ့ပါတယ်" လို့ BetVictor ကတဆင့် ပြောဆိုခဲ့ပါတယ်။ 

"သူတို့ကစားပုံက တော်တော်ကြီးဆိုးနေတယ်လို့ ကျွန်တော်ကတော့ မြင်တယ်၊ ဆိုးလ်ရှားအနေနဲ့ သူ့အသင်းကို ဟန်ချက်ညီအောင်လုပ်ဖို့ လိုနေပါပြီ၊ လီဗာပူးလ်အကြောင်းပြောမယ်ဆိုရင် မိုဆာလာနဲ့ စရမှာပါ၊ သူက လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နေပြီးတော့ ပြီးခဲ့တဲ့အပတ်ကလည်း လှပတဲ့ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်၊ ယူနိုက်တက်ခံစစ်က သူ့ကိုထိန်းသိမ်းနိုင်ပါ့မလားဆိုတာက အဓိကမေးခွန်းပါပဲ" 


"ပြီးခဲ့တဲ့အပတ်ကထက် ယူနိုက်တက်က ပိုကောင်းအောင်ကစားနိုင်မယ်ဆိုတာက သံသယဖြစ်စရာတော့မရှိဘူး၊ ဒါပေမယ့် လီဗာပူးလ်ပဲ အနိုင်ရသွားမယ်လို့ ကျွန်တော်ထင်တယ်၊ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ပေါ့၊ မိုဆာလာက ဂိုးထပ်သွင်းနိုင်ဦးမလားပဲ" လို့ အိုဝင်က ခန့်မှန်းခဲ့ပါတယ်။ အိုဝင်ကတော့ အခြားသောပွဲတွေအဖြစ် - 


ချယ်လ်ဆီး ၃-၀ နော်ဝှစ်ချ်

ပဲလေ့စ် ၂-၁ နယူးကာဆယ်

လိဒ် ၁-၁ ဝုလ်ဗ်

အဲဗာတန် ၃-၁ ဝက်ဖို့ဒ်

ဆောက်သမ်တန် ၀-၁ ဘန်လေ

ဘရိုက်တန် ၀-၂ မန်စီးတီး

ဝက်စ်ဟမ်း ၂-၁ စပါး

ဘရန်ဖို့ဒ် ၁-၂ လက်စတာဆိုပြီးတော့လည်း ခန့်မှန်းခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က