ဖာနန်ဒက်စ်တော့ ဒီရာသီမှာ အသင်းအတွက် ပြီးခဲ့တဲ့ရာသီကလို ခြေစွမ်းမပြနိုင်ဖြစ်နေပါတယ်။

လီဗာပူးလ်ကို အရှက်ရဖွယ်အရေးနိမ့်အပြီးမှာတော့ ယူနိုက်တက်ကွင်းလယ်လူဖာနန်ဒက်စ်က အသင်းပရိသတ်တွေကို တောင်းပန်စကားပြောဆိုသွားခဲ့ပါတယ်။ အန်ဖီးလ်မှာ ဘာဆိုဘာမှမလုပ်ပြနိုင်ခဲ့ဘဲ အရှက်တကွဲအကျိုးနည်းအရေးနိမ့်ခဲ့ရတဲ့ ယူနိုက်တက်ကို အသင်းပရိသတ်တွေက ဒေါသတကြီးဖြစ်နေပြီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကိုလည်း ဝေဖန်ပြစ်တင်နေကြတာဖြစ်ပါတယ်။ 

အင်္ဂလန်မှာ သူတို့ရဲ့အခါးသီးဆုံးပြိုင်ဘက်ကို လည်စင်းခံပေးပြီး အရေးနိမ့်ခဲ့ရလို့လည်း ပိုပြီးဒေါသထွက်စရာဖြစ်ခဲ့ရပါတယ်။ ယူနိုက်တက်ကစားသမားတွေဟာ ပြိုင်ဘက်အသင်းကစားသမားတွေထက်ကို ခြေစွမ်းနဲ့ ခံယူချက်၊ စိတ်ဓာတ်ပိုင်းနိမ့်ကျနေခဲ့ပြီး အစီအစဉ်တင်ဆက်သူတွေဖြစ်တဲ့ ဂယ်ရီနဗီးလ်၊ ပေါလ်စခိုးနဲ့ ရွိုင်ကိန်းတို့ကလည်း ကစားသမားတွေကို အပြစ်တင်ခဲ့ကြပါတယ်။ 



ဖာနန်ဒက်စ်က Sky Sports နဲ့ အင်တာဗျူးမှာ "နောက်ထပ်ဆိုးရွားတဲ့ရလဒ်တခုပါ၊ ဒီထက်ပိုပြီးတော့လည်း ကျနော်မပြောတတ်တော့ဘူး၊ ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်၊ တောင်းပန်ရုံနဲ့လည်း မလုံလောက်တာသိပါတယ်၊ ဒါပေမယ့် ကျနော်တို့ အခုချိန်မှာ ဒါကလွဲပြီး ဘာများလုပ်နိုင်ဦးမှာမို့လို့လဲ၊ ဒိလိုပုံစံနဲ့ကစားတာက ပရိသတ်တွေနဲ့ မထိုက်တန်ပါဘူး၊ သူတို့က ကျနော်တို့ဆီက ဒီထက်မကထိုက်တန်မှုတွေရရှိရမှာပါ"



"လီဗာပူးလ်က အမှတ်ပေးဖလားအတွက် တိုက်ပွဲဝင်သွားခဲ့ပြီး ကျနော်တို့ကတော့ ဘာအတွက်မှကို တိုက်ပွဲမဝင်နိုင်ခဲ့ဘူး၊ ဒါက အဓိကကွာခြားချက်ပဲဆိုတာ ခင်ဗျားလည်းတွေ့နိုင်ပါတယ်၊ အဆင့်အတန်းက ဘယ်လောက်ကွာခြားလဲဆိုတာကို ကျနော်ပြောဖို့မလိုအပ်ဘူးထင်ပါတယ်၊ တချို့ကစားသမားတွေက ရာနှုန်းပြည့်မပေးဆပ်ခဲ့ဘူးလို့လည်း ကျနော်ထင်ပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

ဒီပွဲမှာတော့ ပေါ့ဂ်ဘာဟာ ပွဲချိန်အစောပိုင်းမှာပဲ ဒဏ်ရာရသွားလို့ လူစားလဲလှယ်ခဲ့ရပါတယ်။ အားကိုးအားထားပြုရတဲ့ ကစားသမားလို့ သတ်မှတ်ထားခဲ့ပေမယ့် ပေါ့ဂ်ဘာရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းက မေးခွန်းထုတ်စရာဖြစ်နေပြီး ဂယ်ရီနဗီးလ်ကတော့ ဒီကစားသမားရဲ့ ယူနိုက်တက်ကစားသမားဘ၀က ပြီးဆုံးသွားပြီလို့ ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က