မန်စီးတီးကိုအနိုင်ရပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့နောက် ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူးလ်နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဒါဟာ ၂၀၁၈ ဗိုလ်လုပွဲအတွက် မကျေပွဲနွှဲရတော့မှာဖြစ်ပြီး သူတို့နှစ်သင်းတွေ့ဆုံမှုက စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်လာခဲ့ပါတယ်။ ရီးရဲလ်ဟာ မန်စီးတီးကို အရေးနိမ့်ပြီလို့ အားလုံးယူဆနေချိန်မှာမှ အံ့အားသင့်ဖွယ်ရာ ပြန်လည်အနိုင်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
မန်စီးတီးနဲ့ပွဲအပြီးမှာတော့ နံပါတ် ၁၄ ရိုက်နှိပ်ထားတဲ့ ဂျာစီကို ကိုင်မြှောက်ကာ အောင်ပွဲခံခဲ့ပြီး ၁၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားအတွက် သူတို့လာပြီဆိုတာကို လီဗာပူးလ်ဆီ သတင်းစကားပါးလိုက်ပါတယ်။ လက်ရှိမှာ ဖလား ၁၃ လုံးအထိ ဆွတ်ခူးထားပြီး ဥရောပဘုရင်ကြီးဘွဲ့ကို ရရှိထားတဲ့ ရီးရဲလ်အတွက် နောက်ထပ်စံချိန်သစ်မယ့် မျှော်လင့်ချက်လည်းဖြစ်ပါတယ်။
ဒါက ရီးရဲလ်အတွက် အခုမှတော့မဟုတ်ပါဘူး။ ကိယက်ဗ်မှာကစားရမယ့် ၂၀၁၈ ဗိုလ်လုပွဲမတိုင်ခင်ကလည်း သူတို့ဟာ နံပါတ် ၁၃ ပါတဲ့ ဂျာစီကို ကစားသမားတွေအားလုံးဝတ်ဆင်ပြီးတော့ စိတ်ခွန်အားရယူခဲ့ကြပါသေးတယ်။ အဲဒီတုန်းကတော့ လီဗာပူးလ်ပရိသတ်တွေက ဒီလုပ်ရပ်အတွက် ဒေါသထွက်ခဲ့ကြပြီး ပြိုင်ဘက်အပေါ် မလေးစားတဲ့လုပ်ရပ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
အပြန်အလှန်အားဖြင့်လည်း လီဗာပူးလ်တိုက်စစ်မှူးဆာလာက ဗိုလ်လုပွဲမှာ ရီးရဲလ်နဲ့တွေ့ချင်တယ်လို့ ဗီလာရီးရဲလ်နဲ့ပွဲအပြိးမှာ ပြောဆိုထားခဲ့ပါတ်။ အခုအခါမှာ ရီးရဲလ်ကပါ သူတို့ရဲ့ ၁၄ ကြိမ်မြောက် ဥရောပဖလားအတွက် ကြိုတင်ပြီးပြင်ဆင်ထားမှုကို ချပြခဲ့လို့ ဒီနှစ်သင်းကတော့ ပွဲမတိုင်ခင်မှာပဲ အပြိုင်အဆိုင်လေတိုက်နေကြပြီး ဗိုလ်လုပွဲအတွက် စတင်မှုတွေ ပြုလုပ်နေခဲ့ကြပြီဖြစ်ပါတယ်။