လီဗာပူးလ်တန်းဆင်းရမယ်လို့ လောင်းကြေးတင်ထားတာဖြစ်ပါတယ်။

ဩစတြေးလျက ပရိသတ်တဦးဟာ ဒီရာသီမှာ လီဗာပူးလ်တို့ တန်းဆင်းရလိမ့်မယ်ဆိုပြီး ဒေါ်လာ ၃၀၀ လောင်းကြေးထပ်ထားခဲ့တယ်လို့ Sportbible က ပြီးခဲ့တဲ့တပတ်မှာ ဖော်ပြခဲ့ပါတယ်။ အခုအခါမှာတော့ လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်မှာ နော်တင်ဟမ်ဖောရက်စ်၊ လိဒ်ယူနိုက်တက်တို့လို တန်းဆင်းဇုန်ထဲက အသင်းတွေကို ဆက်တိုက်အရေးနိမ့်ခဲ့ပြီး အဆင့် ၉ နေရာမှာ ရမှတ် ၁၆ မှတ်နဲ့ ရပ်တည်နေပါတယ်။ 

ဒါပေမယ့် လီဗာပူးလ်နဲ့ တန်းဆင်းဇုန်ထိပ်ဆုံးက လက်စတာတို့ကြားမှာ ရမှတ်အားဖြင့် ၅ မှတ်သာ ကွာခြားသေးတာဖြစ်ပါတယ်။ ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေတဲ့ လီဗာပူးလ်ဟာ ပွဲပေါင်း ၁၂ ပွဲကစားအပြီး ၄ ပွဲ၊ ၄ ပွဲသရေကျပြီး ၄ ပွဲအထိ အရေးနိမ့်ထားကာ နည်းပြကြီးကလော့ပ်အတွက်လည်း ဖိအားတွေ များလာခဲ့ရပြီဖြစ်ပါတယ်။ 

လီဗာပူးလ်တန်းဆင်းရမယ်လို့ လောင်းကြေးထပ်ထားတဲ့ ပရိသတ်ဟာ အနိုင်ရမယ်ဆိုရင် အဆပ​ေါင်း ၁၀၀၁ ဆ အထိ ရရှိမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒေါ်လာ ၃၀၀၃၀၀ အထိ ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးကတော့ သူ့မှာရှိနေဆဲဖြစ်ပါတယ်။ အဆိုပါပရိသတ်ကတော့ အဲဗာတန်ကို အားပေးတဲ့သူဖြစ်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ 

လီဗာပူးလ်ဟာ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို ဂိုမက်ဇ်ရဲ့ ပေးပို့ပုံမှားယွင်းမှုကနေ အဖွင့်ဂိုးလည်း ခွင့်ပြုခဲ့ရပါတယ်။ ဆာလာက ပြန်လည်ချေပပေးခဲ့ပေမယ့် ပွဲချိန် ၈၉ မိနစ်မှာတော့ အနိုင်ဂိုးကို ခွင့်ပြုခဲ့ရပြီး အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့ရပါတယ်။ ဒါဟာ ဗန်ဒိုက်အတွက်တော့ လီဗာပူးလ်နဲ့အတူ ပရီးမီယားလိဂ်မှာ အိမ်ကွင်းရှုံးပွဲမရှိတဲ့ မှတ်တမ်းပျက်ပြယ်ခဲ့ရတာလည်းဖြစ်ပါတယ်။ 

ကလော့ပ်အတွက်တော့ တော်တော်လေးရုန်းကန်ရတော့မှာဖြစ်ပြီး အဆင့် ၄ နေရာက နယူးကာဆယ်နဲ့ ၈ မှတ်ပြတ်တောက်နေပြီး ဒါက တန်းဆင်းဇုန်ထိပ်က အသင်းနဲ့ ရမှတ်ကွာခြားမှုထက်တောင် များပြားနေသေးတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က