မနေ့က မန်စီးတီးနဲ့လီဗာပူး အက်ဖ်အေဆီမီးပွဲမစခင် ဖြစ်ခဲ့တာပါ။

မန်စီးတီးပရိသတ်တွေဟာ လီဗာပူးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဥ်မစခင် တမိနစ်ငြိမ်သက်တဲ့ အစီအစဥ်မှာ ပူးပေါင်းပါဝင်ခြင်းမရှိဘဲ သံပြိုင်ဟစ်ကြွေးမှုတွေ ဆက်လက်ပြလုပ်နေခဲ့တယ်လို့ သိရပါတယ်။ ဒီအစီအစဥ်ဟာ လီဗာပူးရဲ့ဟေးဘရာ့ဖြစ်ရပ်ဆိုး (၃၃) နှစ်ပြည့်အဖြစ် တမိနစ်ငြိမ်သက်တာလည်းဖြစ်ပါတယ်။



(၁၉၈၉) ဧပြီ (၁၅) မှာ ကစားခဲ့တဲ့ လီဗာပူးနဲ့ နော်တင်ဟမ်ဖောရက်စ်တို့ရဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ပရိသတ်တိုးဝှေ့မှုတွေနဲ့အတူ လူပေါင်း (၉၇) ယောက် သေဆုံးခဲ့ရပြီး အင်္ဂလန်ဘောလုံးလောကအတွက် ယနေ့အထိ မေ့လို့မရတဲ့ ဖြစ်ရပ်ဆိုးလည်းဖြစ်ခဲ့ပါတယ်။ ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက တမိနစ်ငြိမ်သက်ဖို့ ခရာမှုတ်ခဲ့ပေမယ့် မန်စီးတီးပရိသတ်တွေဟာ ဖျက်လိုဖျက်ဆီးနဲ့ သံပြိုင်ဟစ်ကြွေးမှုတွေကို ဆက်လက်ပြုလုပ်နေခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း မိုက်ကယ်အိုလီဗာက အချိန်မတိုင်ခင်မှာပဲ တမိနစ်ငြိမ်သက်တဲ့ အစီအစဥ်ကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ မန်စီးတီးပရိသတ်တွေဟာ ဒါကိုလည်း ဂရုမစိုက်ဘဲ သူတို့စိတ်တိုင်းကျသာ သံပြိုင်အော်ဟစ်မှုတွေ ဆက်လက်ပြုလုပ်ခဲ့တာက ဝေဖန်စရာဖြစ်ခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း လီဗာပူးပရိသတ်တွေက တုံ့ပြန်တဲ့အနေနဲ့ နှစ်ဖက်ကစားသမားတွေ ပွဲစဖို့ ပြင်ဆင်နေချိန်မှာ မန်စီးတီးပရိသတ်တွေကို ရည်ရွယ်ပြီး လှောင်ပြောင်မှုတွေ ပြန်လည်ပြုလုပ်ခဲ့ကြပါတယ်။ ပွဲကစားချိန်မှာတော့ လီဗာပူးက ကိုနာတေး၊ မာနေးတို့ရဲ့သွင်းဂိုးတွေနဲ့ စောစောစီးစီး ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာလည်း လီဗာပူးကသာ မန်စီးတီးကို ၂-၃ ဂိုးနဲ့အနိုင်ရရှိခဲ့တာကြောင့် လီဗာပူးတို့ အက်ဖ်အေဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ လီဗာပူးဟာ ချဲလ်ဆီးနဲ့ ခရစ္စတယ်ပဲလေ့စ်ပွဲက အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ ဒီရာသီ ကာရာဘောင်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးသားလီဗာပူးဟာ ဖလားလေးလုံး ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ချက်တွေလည်း ပိုမိုအားကောင်းလာခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က