အိန္ဒိယဟာ ဒီဂျစ်တယ်ငွေကြေးတွေကို ပိတ်ပင်ထားပါတယ်။

     Facebook ရဲ့ ဒီဂျစ်တယ်ငွေကြေးသစ် Libra ဟာ အာရှရဲ့ တတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာ အပိတ်ခံရဖို့ရှိတယ်လို့သတင်းထွက်နေပါတယ်။

         Bloomberg သတင်းအရ အိန္ဒိယအစိုးရဟာ Facebook ရဲ့ ဒီဂျစ်တယ်ငွေကြေး Libra ကို ခွင့်ပြုဖို့စိတ်သိပ်မပါဘူးလို့ဆိုပါတယ်။ "ၤ Facebook ငွေကြေးပုံစံဒီဇိုင်းက အပြည့်အဝ ရှင်းလင်းမထားဘူး" လို့အိန္ဒိယစီးပွားရေးရာ အတွင်းဝန် ဆာ့ဘ်ဟက်ချ်ဂါးက နယူးဒေလီမှာ လုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။ " ဘာပဲဖြစ်ဖြစ်ပါ။ ဒါက သီးသန့်private စနစ်နဲ့လာတဲ့ cryptocurrency လေ။ ကျွန်တော်တို့နဲ့အဆင်ပြေမှာလည်း မဟုတ်ပါဘူး"



Photo: ABC

         အိန္ဒိယအစိုးရဟာ ပြီးခဲ့တဲ့လကပဲ cryto ငွေကြေး သုံးစွဲသူတွေကို ထောင်ချနိုင်တဲ့ ဥပဒေကြမ်းတစ်ခု ရေးဆွဲနေတာပါ။ လက်ရှိအချိန်အထိ Bitcoin လိုမျိုး ငွေကြေးတွေကို တစ်ဦချင်း ဖလှယ်သုံးစွဲမှုကို အရေးမယူသေးပေမယ့် ၂၀၁၈ ဧပြီလထဲမှာ Reserve Bank of India ဟာ Virtual Coins နဲ့Cryptocurrency တွေ အရောင်းအဝယ်လုပ်မှု ပိတ်ပင်ဖို့အမိန့်စာ ထုတ်ခဲ့ပါတယ်။

         Facebook ဟာ Mastercard ၊ Paypal နဲ့Uber စတဲ့ မိတ်ဘက်ကုမ္ပဏီပေါင်း ၂၈ ခု ပါဝင်တဲ့ Libra Association ကို တည်ထောင်ပြီး Libra ငွေကြေးတည်ငြိမ် လုံခြုံရေး လုပ်ဆောင်သွားမယ်လို့ကြေညာထားပါတယ်။ ဂျနီဗာအခြေစိုက်မယ့် Libra Association အနေနဲ့open-source Libra Blockchain စနစ်ကို ထိန်းချုပ်လည်ပတ်သွားမှာ ဖြစ်ပြီး ကိုယ်ပိုင် developer ပလက်ဖောင်းဖြစ်တဲ့ Move Programming Language ကနေ တစ်ဆင့် Libra ငွေပေးငွေချေကိစ္စတွေ နဲ့ဖောက်သည်ဆက်ဆံရေးများကို လုပ်ဆောင်သွားမှာပါ။

Photo; Ceylon Today

         Libra ဟာ ဘဏ်အကောင့်မရှိသူ သန်း ၁၇၀၀ ကို ပစ်မှတ်ထားပြီး ထွက်ရှိလာတဲ့ cryptocurrency ဖြစ်ပြီး ငွေကြေးတည်ငြိမ်မှု ရှိဖို့လည်း လုပ်ဆောင်သွားမယ်လို့ဆိုထားပါတယ်။ လက်ရှိအချိန်အထိ Libra Association မှာ ဘဏ်တစ်ခုမှ ပူးပေါင်းခြင်း မရှိသေးပါဘူး။ အမေရိကန် အိမ်ဖြူတော် ဘဏ္ဍာရေး ဝန်ဆောင်မှု ကော်မတီမှ လွှတ်တော်အမတ်တွေဟာ မကြာသေးခင်ကပဲ Facebook ကို စာရေးပြီး နည်းဥပဒေမထွက်ခင်အထိ Libra ပရောဂျက်ရပ်ဆိုင်းထားရေး တောင်းဆိုခဲ့ပါတယ်။

         Facebook အနေနဲ့လာမယ့် ၂၀၂၀ နှစ်လယ်ပိုင်းမှာ e-Commerce နဲ့နိုင်ငံဖြတ်ကျော် ငွေလွဲှမှုတွေအတွက် Libra ကို မိတ်ဆက်ဖို့ရည်ရွယ်ထားတာပါ။ Libra ငွေကြေးတွေ သုံးဆည်းဖို့အတွက် WhatsApp ၊ Messenger နဲ့Facebook app ထဲမှာ ပါလာမယ့် Calibra Wallet လည်း မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က