လူဆယ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက် မနက်ပိုင်းက ဗိုလ်ချုပ်ကြေးရုပ်ထုကို ပြန်ရုပ်သိမ်းဖို့ ကရင်နီလူထုထောင်နဲ့ချီ ဆန္ဒပြခဲ့ကြရာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက ရာဘာကျည်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

Photo- KnIC

ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ကရင်နီလူထုကို လူစုခွဲဖို့ လုံခြုံရေးရဲတွေက မီးသတ်ပိုက်တွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒီနေ့ နေ့လယ်ပိုင်းအထိ လူ ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြကရင်နီလူထုဟာ ဗိုလ်ချုပ်ကြေးရုပ်ရှိတဲ့ ကန္တာဟေဝန်ပန်းခြံ အထိ “ဗိုလ်ချုပ်ကြေးရုပ် ရုပ်သိမ်းပေးရေး ဒို့အရေး” ဆိုင်းဘုတ်ကိုင်ဆောင်ပြီး ပြည်နယ်ဝန်ကြီးချုပ် နုတ်ထွက်ရေး၊ ဗိုလ်ချုပ်ကတိကဝတ်တွေကို အကောင်အထည်ဖော်ရေး စတဲ့ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့တာပါ။

Photo- KnIC

အခုလို ဆန္ဒပြတာဟာ ဗိုလ်ချုပ်အောင်ဆန်းကို ဆန့်ကျင်တာမဟုတ်ဘဲ ဗိုလ်ချုပ်ရဲ့ ကတိကဝတ်တွေကို အကောင်အထည်မဖော်ဘဲနဲ့ ရုပ်ထုကိုသာ အတင်းစိုက်ထူခဲ့တာကြောင့် ကန့်ကွက်တာဖြစ်တယ်လို့လည်း ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ ကရင်နီလူငယ်အချို့က ပြောပါတယ်။

လက်ရှိမှာတော့ ဆန္ဒပြပြည်သူတွေဟာ ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံညှိနှိုင်းဖို့အတွက် ကန္ဒာဟေဝန်ပန်းခြံရှေ့မှာ စောင့်ဆိုင်းနေကြပြီး ဝန်ကြီးချုပ်ကလည်း ညှိနှိုင်းလိုကြောင်း ပြောထားတာကြောင့် နှစ်ဖက်ညှိနှိုင်းမှုတွေလုပ်သွားမယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက ပြည်နယ်အစိုးရက စတင်အကောင်အထည်ဖော်ခဲ့ပြီး ကရင်နီလူငယ်တစ်ချို့က အကြိမ်ကြိမ်ဆန္ဒပြခဲ့ကြပေမယ့် ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ အပြီးသတ် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြမှုကြောင့် တရားစွဲဆိုခံထားရတဲ့ ကရင်နီလူငယ် အယောက် ၅၀ ခန့်ရှိနေပြီလို့လည်း သိရပါတယ်

Share

Loading Next Article...
က္က