စိုးရိမ်စရာတော့မရှိဘူးလို့သိရပါတယ်။

လွိုင်ကော်မှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နဲ့ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် စတုဒီသာာကျွေးရာမှ လူအချို့ အစာအဆိပ်သင့်ပြီး ဆေးရုံရောက်ခဲ့တယ်လို့ လွိုင်ကော်မြို့နယ်ရဲစခန်းကနေ စုံစမ်းသိရှိရပါတယ်။

(ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နဲ့ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုပွဲပြုလုပ်စဉ် Photo- ကယားပြည်နယ်အစိုးရအဖွဲ့ရုံး)

ဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက်က ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမမှာ စတုဒီသာကျွေးတဲ့ အစီအစဉ် ပြုလုပ်ခဲ့ရာမှာ လူငယ်အချို့ အော့အန် ဝမ်းသွားတာ၊ မူးဝေတာတွေ ဖြစ်ပွားခဲ့တာကြောင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရပါတယ်။



“ ဆေးရုံကို ပို့ထားပါတယ်။ ကျွန်တော်တို့လည်း သွားရောက်စစ်ဆေးခဲ့ပါတယ်” လို့ လွိုင်ကော်ရဲစခန်းမှ တာဝန်ကျရဲအရာရှိက Duwun ကိုပြောပါတယ်။

လူငယ် ၈၅ ဦးလောက် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး ၁၃ ဦးဟာ အတွင်းလူနာအဖြစ် ကုသခံခဲ့ရပြီး စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။ လွို

င်ကော်မြို့ ပြည်နယ်ခန်းမမှာ ဗိုလ်ချုပ်အောင်ဆန်း (၁၀၄) နှစ်မြောက်မွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့ ဂုဏ်ပြုအထိမ်းအမှတ် အခမ်းအနားကို ဒီနေ့ မနက်ပိုင်းက ကျင်းပခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ်အပါအဝင် တာဝန်ရှိသူတွေတတ်ရောက်ခဲ့ကြပြီး ကျောင်းသားကျောင်းသူတွေက အကတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

ထို့နောက် အခမ်းအနား တက်ရောက်လာသူတွေကို ကြာဇံကြော်၊ ခေါက်ဆွဲကြော်နဲ့ ထမင်းကြော်တို့ကို စတုဒီသာကျွေးမွေးခဲ့ရာမှာ အစားအသောက်အချို့ကြောင့် အစာအဆိပ်သင့်တာတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က