၆ ပွဲကစားအပြီးမှ ပထမဆုံးဂိုးရရှိခဲ့တာပါ။

အသက် ၃၄ နှစ်အရွယ် ကစားသမားက လက်ရှိမှာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၄ ဂိုးအထိ ရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ 


ပီအက်စ်ဂျီအတွက် လီဂူးပွဲစဉ် ၆ ပွဲအထိ ကစားပေးပြီးနောက်မှာတော့ မက်ဆီက ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ နန့်တက်စ်နဲ့ကစားခဲ့တဲ့ မနေ့ကပွဲစဉ်မှာ မက်ဆီက သူ့ရဲ့ကန်သွင်းနေကျပုံစံအတိုင်း ဧရိယာအပြင်ဘက်ကနေ လှလှပပကန်သွင်းယူပြီး ရယူပေးခဲ့ကာ အသင်းကို ၃-၁ နဲ့ အနိုင်ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ 



ဒီသွင်းဂိုးအတွက် ပျော်ရွှင်ခဲ့ရတယ်လို့လည်း မက်ဆီက ပွဲအပြီးမှာ ဝန်ခံပြောဆိုခဲ့ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဟာ ပွဲကစားချိန် ၈၇ မိနစ်မှာ ဘတ်ပီရဲ့ ပေးပို့မှုကနေ ဘောလုံးဆွဲပြေးယူခဲ့ပြီး ဂိုးဧရိယာအပြင်ဘက်နားကနေ ကန်သွင်းယူခဲ့တာပါ။ အသက် ၃၄ နှစ်အရွယ် ကစားသမားက လက်ရှိမှာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၄ ဂိုးအထိ ရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ 

"ကျွန်တော်ပျော်ရွှင်မိပါတယ်၊ ကျွန်တော်တို့ အခွင့်အရေးတွေအများကြီးရခဲ့ပေမယ့်လည်း သူတို့ဂိုးသမားက အရမ်းကောင်းတဲ့ ကာကွယ်မှုတချို့လုပ်ပြနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ကြောက်ရွံ့မနေခဲ့ဘဲ အဆုံးမှာ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်၊ Parc des Princes မှာ ပရိသတ်တွေရှေ့ ပထမဆုံးသွင်းဂိုးအတွက်လည်း ကျွန်တော်ပျော်ရွှင်ခဲ့ပါတယ်၊ ချန်ပီယံလိဂ်မှာ ကျွန်တော်ဂိုးတွေသွင်းယူနိုင်ဖို့တင်မဟုတ်ဘဲ လိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းနိုင်ဖို့ မျှော်လင့်ခဲ့တာပါ" လို့ မက်ဆီက Amazon Prime ကို ပြောဆိုခဲ့ပါတယ်။ 

မက်ဆီဟာ ဘာစီလိုနာကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာသာ ဂိုးတွေရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးလီဂူးသွင်းဂိုးအတွက် အချိန်ယူခဲ့ရပြီး အဆုံးမှာတော့ ဂိုးရယူနိုင်ခဲ့ကာ ဂိုးသွင်းနိုင်ရင် ဆက်တိုက်သွင်းယူလေ့ရှိတဲ့ သူ့ရဲ့အလေ့အထကို ဆက်ထိန်းသိမ်းထားနိုင်မလားစောင့်ကြည့်ရဖို့ရှိနေပါတယ်။ လက်ရှိမှာ ဒဏ်ရာပြသနာကနေလည်း မက်ဆီရုန်းထွက်နိုင်ခဲ့ပြီဖြစ်ကာ ကြံ့ခိုင်မှုအပြည့်နဲ့ ကစားပေးနိုင်နေပြီဖြစ်ပါတယ်။ 

Share

က္က