ကစားသမား ၄ ဦးအထိ ခေါ်ယူသွားဖို့ စီစဉ်နေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လီဂူးဝမ်းကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ဘူဘာကာရီဆိုမယ်နဲ့ မူဆာဒမ်ဘီလီတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြသခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ဟယ်ရီမက်ဂွိုင်းယား၊ ဝမ်ဘစ်စ်ကာ၊ ဒန်နီရယ်ဂျိမ်းစ်တို့ကို အိုးထရက်ဖို့ဒ်ကို ခေါ်ယူဖို့အတွက် ပေါင်သန်း ၁၅၀ အထိ သုံးစွဲခဲ့တာဖြစ်ပါတယ်။

နည်းပြဆိုးလ်ရှားရဲ့ နွေရာသီကစားသမားခေါ်ယူမှုဟာ အသင်းအတွက် အကျိုးသက်ရောက်မှုရှိပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်း ဖြတ်သန်းနေရတဲ့ ဆိုးရွားတဲ့ရာသီအစကို ကာကွယ်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဆိုးရွားတဲ့ပုံစံက နည်းပြဆိုးလ်ရှားနဲ့ ဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်တို့ကို နောက်ထပ်ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ဖို့ လိုအပ်သေးတယ်လို့ ယုံကြည်စေပြီး လာမယ့်အပြောင်းအရွှေ့ဈေးကွက် ၂ ခုမှာ အနည်းဆုံးကစားသမား ၄ ဦးအထိ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

တိုက်စစ်ကို အင်အားဖြည့်တင်းဖို့က မန်ချက်စတာယူနိုက်တက်အသင်းရဲ့အဓိကလုပ်ငန်းစဉ်ဖြစ်ပြီး ယခုရာသီမှာ တစ်ဂိုးထက် ပိုမိုသွင်းယူနိုင်ခဲ့တဲ့ပွဲစဉ် ၂ ပွဲသာ ရှိခဲ့တာဖြစ်ပါတယ်။ ESPN ရဲ့ ဖော်ပြချက်အရ လိုင်ယွန်ကြယ်ပွင့်တိုက်စစ်မှူး မူဆာဒမ်ဘီလီက ယူနိုက်တက်တို့ စိတ်ဝင်စားနေတယ်လို့ ယူဆနိုင်တဲ့ကစားသမားဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မူဆာဒမ်ဘီလီဟာ ပြီးခဲ့တဲ့နှစ် ဆဲလ်တစ်အသင်းကနေ လိုင်ယွန်အသင်းကို ပြောင်းရွှေ့လာပြီးကတည်းက ၅၆ ပွဲကစားခဲ့ရာမှာ ၂၆ ဂိုးသွင်းယူထားနိုင်ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်အသင်းအများအပြားနဲ့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေဆက်လက်ထွက်ပေါ်နေတဲ့ ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာရဲ့နေရာမှာ အစားထိုးဖို့အတွက် လိုင်လီကွင်းလယ်ကြယ်ပွင့် ဘူဘာကာရီဆိုမယ်ကို သတ်မှတ်ထားတယ်လို့လည်း ESPN က ဖော်ပြခဲ့ပါတယ်။

Share

Loading Next Article...
က္က