အင်စတာဂရမ်မှာ ပီအက်စ်ဂျီက အသင်းငယ်လေးလို့ ပြောဆိုထားတာကို လုပ်သွားခဲ့တာပါ။

နေအိမ်ရှေ့ထိလာပြီး သူ့ကို အသင်းကနေ ထွက်သွားဖို့အတွက် ပီအက်စ်ဂျီပရိသတ်တွေက လာရောက်အော်ဟစ်ကာ သောင်းကျန်းတာကို ခံရပြီးနောက် နေမာဟာ အင်စတာဂရမ်မှာ ပီအက်စ်ဂျီက အသင်းငယ်လေးဆိုပြီးရေးသားထားတဲ့ ပို့စ်တခုကို Like နှိပ်သွားခဲ့ပါတယ်။ 

အသက် ၃၁ နှစ်အရွယ် ဘရာဇီးလ်သားဟာ ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပြီး အသင်းပရိသတ်တွေက သူ့ကို ပစ်မှတ်ထားကာ အသင်းကထွက်ဖို့အတွက် ပြောဆိုခဲ့ကြတာပါ။ ဒီလုပ်ရပ်အတွက် ပီအက်စ်ဂျီပရိသတ်တ​ွေကိုလည်း ပြန်လည်ဝေဖန်မှုတွေရှိနေခဲ့ပြီး ကစားသမားတွေအပေါ်မှာ အခုလိုဆက်ဆံပုံက ဆိုးရွားလွန်းတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ 

နေမာ Like လုပ်ခဲ့တဲ့ ပို့စ်မှာတော့ "ပီအက်စ်ဂျီက ကြီးမြတ်မှု အရမ်းချို့တဲ့လွန်းတယ်၊ ပရိသတ်တွေမှာလည်း အဲဒီလိုပါပဲ၊ သမိုင်းကြောင်းဆိုတာက ရွေးချယ်လို့မရပါဘူး၊ ကိုယ့်ကိုကိုယ် ကြီးမြတ်လှပြီလို့ ထင်နေတာက ကြီးမြတ်မှုရဲ့ သဘောတရားနဲ့ အလှမ်းဝေးကွာလွန်းပါတယ်၊ ပီအက်စ်ဂျီက အရမ်းသေးနုပ်လွန်းပါတယ်" လို့ ရေးသားထားတာပါ။ 

လက်ရှိမှာတော့ ပီအက်စ်ဂျီက ပရိသတ်တွေရဲ့ လုပ်ရပ်အတွက် စိုးရိမ်နေပြီး ကစားသမားတွေရဲ့ နေအိမ်တွေမှာ အစောင့်အရှောက်တွေ ထားရှိပေးထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် နေမာအပေါ် အခုလိုမျိုး ဆက်ဆံခဲ့တာကြောင့် ရာသီကုန်ရင် နေမာက မက်ဆီနဲ့အတူ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ ရေပန်းစားလာနေပြီဖြစ်ပါတယ်။ 

နေမာနဲ့ မက်ဆီတို့ကတော့ ဘာစီလိုနာမှာ အသင်းဖော်တွေဖြစ်ခဲ့ပြီးနောက် ပီအက်စ်ဂျီမှာ ပြန်လည်ဆုံဆည်းခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကြောင့် သူတို့နှစ်ဦးစလုံး ရာသီကုန်ရင် ထွက်ခွာဖွယ်ရှိနေကာ နေမာရဲ့ အနာဂတ်ကလည်း စိတ်ဝင်စားဖို့ကောင်းနေပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က