ဇာတ်ပို့သရုပ်ဆောင်ဂွမ်းပုံကြီးဟာ လက်ရှိ သူပိုင်ဆိုင်ထားတဲ့ ဘဝလေးက အရမ်းကို စိတ်ချမ်းသာစရာကောင်းပါတယ်တဲ့။ လိမ္မာတဲ့ သားနှစ် ယောက်ရှိလို့လည်း အရမ်းကို ဂုဏ်ယူနေတဲ့ မိခင်ပါ။ ဂွမ်းပုံကြီးက ခင်ပွန်းဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေ ကြောင့် ဇာတ်ကားတွေ ဆက် တိုက် မရိုက်ဖြစ်တော့တာပါတဲ့။
Photo: ဂွမ်းပုံကြီးဖေ့စ်ဘွတ်
ဇာတ်ပို့ သရုပ်ဆောင် ဂွမ်းပုံကြီးကိုတော့ ချစ်ကြတဲ့ ပရိသတ်တွေ အများကြီးရှိပါတယ်။ သူ့အနေနဲ့ အနုပညာအလုပ်တွေကို ဆက်တိုက်မလုပ် ဖြစ်တာက ခင်ပွန်းဖြစ်သူရဲ့ ကျန်းမာရေးကြောင့်ပါလို့ ဆိုပါတယ်။ လက် ရှိ သူပိုင်ဆိုင်ထားတဲ့ မိသားစု ဘဝလေးက အရမ်းကို စိတ်ချမ်းသာ စရာကောင်းတဲ့အကြောင်း Duwun Media ကနေ ပြောပြလာပါတယ်။
'' အန်တီ့ဘဝက အရမ်းစိတ်ချမ်းသာစရာကောင်းပါတယ်။ သားနှစ်ယောက်၊ ချွေးမနှစ်ယောက်၊ မြေး ၃ ယောက်နဲ့ အမျိုးသားက ကျန်းမာရေး တော့ သိပ်မကောင်းဘူး ဒါပေမယ့် ပျော်ရွှင်စရာကောင်းပါတယ်'' ဆိုပြီးတော့ သြဂုတ်လ ၂၆ ရက်နေ့က ဟီးဟီးဟားဟား ရုပ်ရှင်အထူးပြသပွဲ ကို တက်ရောက်လာရင်း Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။
Photo: ဂွမ်းပုံကြီးဖေ့စ်ဘွတ်
ဂွမ်းပုံကြီးရဲ့ အမျိုးသားကတော့ အနုပညာလောကသားတစ်ယောက်ပြီးပြီး ဇာတ်ပို့ သရုပ်ဆောင် ဦးချစ်ပြုံးဖြစ်ပါတယ်။ သူတို့ နှစ်ဦးမှာ တော့ အရမ်းကို လိမ္မာရေးခြားရှိတဲ့ သားကြီး နဲ့ သားငယ် ဆိုတဲ့ သားနှစ်ယောက်ရှိတယ်လို့ သိရပါတယ်။ သားတွေအပေါ်မှာလည်း ယုံကြည်ချက် အပြည့်အဝရှိတဲ့ အကြောင်းကိုလည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။
'' အန်တီဂွမ်းမှာ အင်မတန်ချစ်တဲ့ သားနှစ်ယောက်ရှိပါတယ်။ အရမ်းလည်း လိမ္မာပါတယ်၊ ရုပ်ရှင်လောက တစ်လောကလုံးလည်း သိကြပါ တယ်။ သားကြီး သားငယ် ဆိုရင် မသိတဲ့သူ မရှိပါဘူး။ မိဘနှစ်ပါးကိုတော့ သူတို့လုံးဝ ပစ်ထားမယ် မထင်ပါဘူး။ အန်တီဂွမ်းကတော့ လုံးဝကို ယုံကြည်ပါတယ်''လို့ ဆိုပါတယ်။
Photo: ဂွမ်းပုံကြီးဖေ့စ်ဘွတ်
ဦးကျော်ဟိန်းနဲ့ပတ်သက်ပြီး အမှတ်တရတွေကို ပြောပြခဲ့တဲ့ အနုပညာရှင်များ
အနုပညာအလုပ်ကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့တဲ့ ဂွမ်းပုံကြီးက အသက် ၈ နှစ်အရွယ်မှာ အရပ်ထဲက ပြဇာတ်တွေ လိုက်က ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် အနုပညာအလုပ်လုပ်ဖို့ အခွင့်အရေး ရခဲ့တဲ့ အချိန်မှာ တော့ ကြိုးကြိုးစားစားဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။ အိမ်ထောင်ကျပြီးနောက်မှာလည်း အနုပညာအလုပ်တွေ ဆက်လုပ်နေပါတယ်လို့ ဆိုပါတယ်။
'' အန်တီဂွမ်းကတော့ အနုပညာကို ၈ နှစ် ၉ နှစ်လောက်ကတည်းက ဝါသနာပါခဲ့တာဆိုတော့ ပြဇာတ်တွေကခဲ့တယ်၊ အိမ်ထောင်မကျခင် ကတည်းက ဇာတ်ကားတွေ ရိုက်ခဲ့တာပေါ့နော်။ အိမ်ထောင်ကျတော့လည်း အမျိုးသားက ရုပ်ရှင်လောကထဲကပါပဲ ဦးချစ်ပြုံးပါ။ သူကလည်း အနုပညာအလုပ်တွေကို ဆက်လုပ်ခွင့်ပြုတယ်၊ ကိုယ့်အတွက် နေရာရတဲ့ ဇာတ်ကွက်မျိုးဆို တာကိုတော့ ဆယ်စုနှစ်နောက်ပိုင်းလောက်မှသာ ရိုက်ဖြစ်တာပါ'' လို့ ဆိုပါတယ်။
Photo: ဂွမ်းပုံကြီးဖေ့စ်ဘွတ်
ဂွမ်းပုံကြီးဟာ ဇာတ်ပို့တစ်ယောက်အနေနဲ့ အိမ်အကူ ကာရိုက်တာ၊ အမေ ကာရိုက်တာ၊ အဒေါ်ကာရိုက်တာ တို့ကို ဗီဒီယိုဇာတတ်ကား ရုပ်ရှင်ဇာတ်ကားတွေမှာ အများအပြား သရုပ်ဆောင်ရ သူဖြစ်ပါတယ်။ အနုပညာသက်တမ်းကြာလာတဲ့အချိန်မှာတော့ ပရိသတ်ပေးတဲ့ နေရာ ရရှိလာခဲ့တာဖြစ်ပါတယ်။